အခန်း (၈)

160 31 4
                                    

လီလီ

ည(၉)နာရီခွဲခါနီးနေပြီ။ ပြီးတော့ ကျွန်မမှာ မဖြေဖြစ်ဘဲလွတ်သွားတဲ့ဖုန်းခေါ်ဆိုမှုတွေလည်း တစ်ခုမှမရှိဘူး။ အမ်မာဆန်အိပ်နေတာ (၁)နာရီခွဲကြာသွားပြီ။ သူမက ပုံမှန်ဆို မနက်(၆)နာရီလောက် နိုးနေကျ။ ကျွန်မက (၁၀)နာရီပတ်လည်လောက် အိပ်ရာဝင်တယ်။ ဘာလို့လဲဆိုတော့ အနည်းဆုံး(၈)နာရီလောက်မှ မအိပ်ရရင် ကျွန်မက ဇွန်ဘီတစ်ကောင်လိုအစွမ်းအစမျိုးနဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်တတ်လို့လေ။ ဒါပေမဲ့ (၁၀)နာရီမထိုးခင် အာ့တ်လက်စ်သာဖုန်းမခေါ်ရင် ကျွန်မလုံးဝအိပ်ပျော်လိမ့်မယ်လို့ မသေချာဘူးရယ်။ သူ့ကို ဒီနေ့ဗီရိုထဲမှာဖွက်ထားလိုက်တဲ့အတွက် အကြိမ်(၇၀)လောက်ထပ်တောင်းပန်လိုက်သင့်သလားလို့ ကျွန်မတွေးတောနေမိမှာပဲ။

ကျွန်မ ညပိုင်းအသားအရေထိန်းသိမ်းတဲ့လုပ်ငန်းစဉ်စလုပ်ဖို့ ရေချိုးခန်းကဘေစင်ဆီသွားလိုက်တယ်။ ပြီးတော့ ကျွန်မဖုန်းကိုပါတစ်ပါတည်းယူသွားတယ်။ သူ ဒီနေ့ နေ့လယ်စာစားချိန်မှာ ပေါ်လာပြီး ညကျကျွန်မကိုဖုန်းခေါ်လိုက်မယ်လို့ ပြောသွားကတည်းက ကျွန်မအဲ့ဒါကို ခြေလှမ်းတိုင်းသယ်သွားဖြစ်ခဲ့တယ်။ ဒီညဆိုတာ ဘာကိုဆိုလိုမှန်း ကျွန်မရှင်းရှင်းလင်းလင်းလုပ်လိုက်သင့်တာ။

အာ့တ်လက်စ်အတွက် ဒီညဆိုတာ (၁၁)နာရီ ဖြစ်နေနိုင်တာပဲ။

ကျွန်မအတွက်ကျတော့ အဲ့ဒါက (၈)နာရီဖြစ်နိုင်တယ်လေ။

ကျွန်မတို့အတွက် မနက်နဲ့ညဆိုတာတွေရဲ့ အဓိပ္ပါယ်မှာတောင်မှ လုံးဝကွဲပြားခြားနားတဲ့အဓိပ္ပါယ်မျိုး ရှိနေလောက်တာပဲ။ သူက ညသန်းခေါင်ကျော်မှ အိမ်ကိုပြန်ရောက်တဲ့ အောင်အောင်မြင်မြင်စားဖိုမှူးတစ်ယောက်လေ။ ကျွန်မကတော့ ညနေပိုင်း(၇)နာရီလောက်ဆို ညဝတ်အင်္ကျီနဲ့ဖြစ်နေပြီ။

ကျွန်မဖုန်းက ဆူဆူညံညံအသံတစ်သံလုပ်လာတယ်။ ဒါပေမဲ့ အဲ့ဒါက ဖုန်းလာတဲ့အသံမဟုတ်ဘူး။ အဲ့ဒါက တစ်ယောက်ယောက်က ကျွန်မနဲ့ ဖေ့တိုင်းပြောဖို့ကြိုးစားနေတဲ့ ဆူညံသံမျိုးလုပ်နေတာ။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now