အခန်း (၂၂)

133 30 0
                                    

လီလီ

‼️‼️🔞‼️‼️

ကျွန်မ ဒီကိစ္စနဲ့ပတ်သက်ပြီး ယုံကြည်ပိုင်နိုင်သလိုပုံမျိုးကြိုးစားသရုပ်ဆောင်နေတယ်။ ဒါပေမဲ့ ကျွန်မရဲ့အိပ်ခန်းထဲကို လျှောက်လှမ်းဝင်လာလိုက်တာနဲ့ ဒီနေရာရောက်အောင်ကျွန်မကိုခေါ်လာခဲ့တဲ့ ပိုင်နိုင်ယုံကြည်မှုတွေအားလုံး ဆုံးရှုံးသွားတော့တာပဲ။

ကျွန်မတစ်ယောက်ယောက်နဲ့အတူရှိခဲ့ဖူးတာ တော်တော်လေးကြာသွားခဲ့ရုံပဲရယ်။ အမ်မီ့ကိုကိုယ်ဝန်ရခဲ့ပြီးနောက်ပိုင်းကတည်းက ဖြစ်လောက်မယ်။ ကလေးမွေးပြီးသွားတော့ ကျွန်မ လိင်မဆက်ဆံဖြစ်ခဲ့ဘူး။ ပြီးတော့ အာ့တ်လက်စ်နဲ့က (၁၆)နှစ်သမီးကတည်းက လိင်မဆက်ဆံဖြစ်ခဲ့တော့တာ။ အဲ့ဒီအတွေး(၂)ခုလုံး အတူတူစပြီးတဝေ့ဝေ့လည်လာရင်း ကျွန်မစိတ်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့အတွေးတွေနဲ့ ကြောက်ခမန်းလိလိ ဒီလေဆင်နှာမောင်းကြီးကို ဖန်တီးလိုက်ကြတယ်။

နောက်စက္ကန့်ပိုင်းလောက်နေတော့ အာ့တ်လက်စ်တစ်ယောက် တံခါးပေါက်ဝမှာ ပေါ်လာတဲ့အချိန် ကျွန်မက အိပ်ခန်းအလယ်ကောင်မှာ မတ်တပ်ရပ်လျက်သားရှိနေတယ်။ ကျွန်မလက်တွေကို ကျွန်မရဲ့တင်ပါးတွေပေါ်တင်ထားပြီး ဒီတိုင်း... ဒီမှာရပ်နေတယ်။ သူက ကျွန်မကိုစိုက်ကြည့်လာတယ်။ ကျွန်မ နောက်ထပ်လုပ်ရမယ့်ဟာကို လုပ်သင့်ပြီလို့ ခံစားရတယ်။ သူ့ကို ကျွန်မအိပ်ခန်းထဲ ခေါ်လိုက်တဲ့တစ်ယောက်က ကျွန်မဖြစ်နေတော့လေ။

"နောက်တော့ဘာဆက်လုပ်ရမယ်မှန်း ငါမသိတော့ဘူး" လို့ ကျွန်မဝန်ခံလိုက်တယ်။ "အဲ့ဒါက တော်တော်တန်တန်ကြာသွားခဲ့ပြီဆိုတော့"

အာ့တ်လက်စ်က ရယ်တယ်။ အဲ့ဒီနောက် သူက အိပ်ရာဘက်ကို တစ်လှမ်းချင်းလျှောက်သွားတယ်။ ဘာလို့လဲဆိုတော့၊ အင်းလေ၊ သူမှ ဆွဲဆောင်မှုမရှိတဲ့ပုံမျိုးနဲ့လျှောက်သွားလို့ မဖြစ်တဲ့ဟာကို။ သူလှုပ်ရှားလိုက်တဲ့အကွက်တိုင်းက စွဲမက်စရာကောင်းနေတယ်။ အခု သူ့ဝတ်စုံကအပေါ်ထပ်အင်္ကျီကို ချွတ်လိုက်တာက စွဲမက်စရာပဲ။ အဲ့ဒါကို ကျွန်မရဲ့မှန်တင်ခုံပေါ်ပစ်တင်လိုက်တယ်၊ ပြီးတော့ ဖိနပ်တွေကိုကန်ချွတ်လိုက်တယ်။ ဘုရားရေ၊ အဲ့ဒါကတောင် စွဲမက်စရာကြီးတော့။ အဲ့ဒီနောက်မှာတော့ သူက ကျွန်မရဲ့အိပ်ရာပေါ် ထိုင်ချလိုက်တယ်။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now