အခန်း (၂)

268 35 0
                                    

လီလီ

ကျွန်မလက်တွေတုန်နေကြတုန်းပဲ။ အာ့တ်လက်စ်နဲ့ အမှတ်မထင်ဆုံခဲ့ကြရတာ (၂)နာရီနီးပါးရှိနေတာတောင်မှပေါ့။ တုန်နေတာ ပျာယာခတ်နေမိလို့လား၊ ဒါမှမဟုတ် တံခါးကနေဝင်လာကတည်းက အလုပ်တွေရှုပ်လွန်းနေတာမှ အစားတောင်မစားနိုင်တဲ့အထိဖြစ်နေခဲ့တာကြောင့်လားဆိုတာတော့ ကျွန်မမပြောတတ်ဘူး။ ကျွန်မခမျာ ဒီမနက်တုန်းကဖြစ်ပျက်ခဲ့တာတွေကို အတွေးထဲအစီအစဉ်တကျဖြစ်လာဖို့ (၅)စက္ကန့်လောက်ပဲ အေးအေးချမ်းချမ်းနေခွင့်ရသေးတယ်။ တစ်ခါတည်းဝယ်လာခဲ့တဲ့မနက်စာကို စားဖို့ဆို ဝေးလာဝေးပေါ့။

အဲ့ဒါက အဟုတ်ကြီးဖြစ်ခဲ့တာလား။ ကျွန်မ အာ့တ်လက်စ်ကို အရမ်းကိုးရိုးကားယားနိုင်တဲ့မေးခွန်းတွေတလှေကြီး အမှန်တကယ်မေးဖြစ်ခဲ့တာလား။ ကျွန်မတော့ နောက်နှစ်ထဲထိ ကောင်းကောင်းကြီးအရှက်ရနေရတော့မှာပဲ။

ဒါပေမဲ့လည်း သူ့ပုံစံကတော့ ကိုးရိုးကားယားကြီးဖြစ်နေတဲ့ပုံမပေါက်ပါဘူး။ သူ့ပုံစံက ကျွန်မကိုတွေ့လိုက်ရလို့ ပျော်နေတဲ့ပုံပါပဲ။ ပြီးတော့ သူကျွန်မကိုဖက်လိုက်တဲ့အချိန်မှာ ကျွန်မရဲ့တိမ်မြုပ်နေတဲ့တစ်စိတ်တပိုင်းက ရုတ်တရက်ကြီးလွှားခနဲအသက်ပြန်ဝင်သလိုမျိုး ခံစားလိုက်ရတယ်။

ဒီလိုဆိုပေမဲ့ ကျွန်မခမျာ ရေအိမ်သွားဖို့ခဏတဖြုတ်အနားရတာတောင် ဒါကမှ ပထမဆုံးတဒင်္ဂလေးပါနော်။ အခု ကျွန်မကိုယ်ကျွန်မမှန်ထဲကြည့်လိုက်ပြီးသွားတော့ တော်တော်လေးငိုချင်သွားပြီရယ်။ ပသလူးညစ်ပတ်နေတာပဲရော်။ ရှပ်အင်္ကျီတပြင်လုံး မုန့်လာဥနီတွေပေကျံလို့၊ ကျွန်မရဲ့လက်သည်းနီတွေက ဟိုပဲ့သည်ပဲ့ဖြစ်နေကြတာ၊ ဇန်နဝါရီလလောက်ကတည်းကနဲ့တူပါတယ်။

အာ့တ်လက်စ်က ပြီးပြည့်စုံနေတာမျိုး မျှော်လင့်မှာမို့၊ အလိုရှိမှာမို့တော့ မဟုတ်ဘူးပေါ့။ အဲ့ဒါကဒီတိုင်း၊ ကျွန်မစိတ်ထဲ သူနဲ့အမှတ်မထင်ဆုံရဖို့ အကြိမ်ကြိမ်အထပ်ထပ် စိတ်ကူးကြည့်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲ့ဒီစိတ်ကူးယဉ်ထားတာတွေထဲကတစ်ခုမှ ကသီလင်တနိုင်တဲ့မနက်ခင်းတစ်ခုမှာ ကျွန်မ သူနဲ့တည့်တည့်တိုးမိတာမျိုး သရုပ်မဖော်ခဲ့ဖူးဘူး။ ချိန်းထားတာထက် နာရီဝက်နောက်ကျနေတဲ့ (၁၁)လသားကလေးတစ်ယောက်ရယ်၊ ကလေးအစားအသောက်တွေ လက်ထဲအပြည့်နဲ့ရယ်။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now