အခန်း (၃၃)

161 25 5
                                    

အာ့တ်လက်စ်

ကျွန်တော် ဂျော့ရှ်ကို ကျွန်တော့အိမ်မှာထားခဲ့ပြီးတဲ့နောက် ဆက်တန်ကိုဖုန်းခေါ်ပြီး ကျွန်တော့ကိုBib'sမှာ တွေ့ဖို့ဖိတ်လိုက်တယ်။ ကျွန်တော်တို့တွေ့ဖို့သဘောတူထားတဲ့အချိန်မရောက်ခင် ကျွန်တော်ဒီမှာ(၁)နာရီလောက်အချိန်ရခဲ့တယ်။ သူမကို ကျွန်တော်တစ်ခါမှချက်ပြုတ်မကျွေးဖူးဘူး။ ဒါကြောင့် သူမကိုတစ်နပ်လောက်ချက်ပေးလိုက်တာက သူမအတွက်တစ်ခုခုဖြစ်သွားဖို့ ကျွန်တော်မျှော်လင့်မိတယ်။ သူမကို စိတ်ကျေနပ်စေပြီး သင့်တင့်လျောက်ပတ်တဲ့စိတ်အခြေအနေတစ်ခု ရောက်သွားစေတာမျိုးပေါ့။ သူမစကားစစ်ထိုးဖို့တပြင်ပြင်ဖြစ်နေတာတွေကို လျော့သွားအောင်လုပ်မယ့်ဘာပဲဖြစ်ဖြစ်ပေါ့။

ကျွန်တော့ဖုန်းက တောင်ခနဲမြည်လာတယ်။ ဒါနဲ့ မီးဖိုကနေခွာပြီး ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်တယ်။ ကျွန်တော် သူမကိုရောက်လာရင်စာပို့ဖို့ပြောထားတာ။ ဒါမှသူမကိုအထဲဝင်ခိုင်းလို့ရမှာ။ သူမက (၅)မိနစ်စောနေတာပဲ။

ကျွန်တော်မှောင်မည်းနေတဲ့စားသောက်ဆိုင်အတိုင်းဖြတ်လျှောက်သွားပြီး ကျွန်တော့လမ်းတစ်လျှောက် မီးတချို့ဖွင့်သွားလိုက်တယ်။ သူမက ဆိုင်ရှေ့နားမှာရပ်ပြီး ဆေးလိပ်တစ်လိပ်သောက်နေတယ်။ တံခါးဖွင့်လာတာကိုမြင်တော့ ဆေးလိပ်ကိုလမ်းထဲဆတ်ခနဲတောက်ချလိုက်တယ်။ အဲ့ဒီနောက် ကျွန်တော့နောက်ကနေ အထဲကိုလိုက်ဝင်လာတယ်။

"ဂျော့ရှ်ဒီမှာရှိလား" လို့ သူမက မေးတယ်။

"မရှိဘူး။ ခင်ဗျားနဲ့ကျွန်တော်ပဲ" ကျွန်တော်စားပွဲခုံတစ်ခုံဘက်လက်ဟန်ပြလိုက်ပြီး "ထိုင်ပါ။ ဘာသောက်ချင်လဲ"

သူမက ကျွန်တော့ကိုတိတ်တိတ်လေးတစ်အောင့်လောက်အကဲခတ်နေပြီးမှ ပြောလာတယ်။ "ဝိုင်နီ။ နင်ဖောက်ထားပြီးသား ဘာပဲဖြစ်ဖြစ်ပေါ့" သူမက ခုံတန်းအကန့်ထဲမှာဝင်ထိုင်လိုက်တယ်။ ပြီးတော့ ကျွန်တော်က ကျွန်တော်တို့ရဲ့စားစရာတွေပြင်ဆင်လာဖို့ ပြန်သွားလိုက်တယ်။ ကျွန်တော် အုန်းနို့ပုစွန်ချက်ထားတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒါက သူမအကြိုက်ဆုံးဟာမှန်း ကျွန်တော်သိလို့လေ။ ကျွန်တော် (၉)နှစ်သားတုန်းက သူမအဲ့ဒါကိုချစ်မိသွားခဲ့မှန်း ကျွန်တော်တွေ့ခဲ့တယ်။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now