အခန်း (၂၃)

138 28 0
                                    

အာ့တ်လက်စ်

ကျွန်တော် သေချာပေါက်အိမ်ကိုပြန်သင့်တာပေါ့။ ဒါပေမဲ့ သူမနဲ့ပြီးခဲ့တဲ့(၂)နာရီလောက်အတူရှိခဲ့ပြီးတဲ့နောက်မှာတော့ ဒီအိပ်ရာထဲကနေထထွက်သွားဖို့က အရမ်းကိုခက်ခဲလွန်းတယ်။ ဆိုဖာခုံကိစ္စပြီးတာနဲ့ အဲ့ဒီနောက် ရေချိုးတဲ့ကိစ္စဖြစ်လာခဲ့ကြတယ်။ အခုတော့ ကျွန်တော်တို့နှစ်ယောက်စလုံး စကားပြောတာကလွဲပြီး တခြားတစ်ခုခုလုပ်ဖို့ အရမ်းကိုပင်ပန်းလွန်းနေကြပြီ။

သူမက ကျောနဲ့လှဲနေပြီး လက်မောင်းနှစ်ဘက်ကို ခေါင်းအောက်ပြန်ခေါက်ထားလိုက်တယ်။ သူမက ကျွန်တော့ကိုစိုက်ကြည့်ရင်း မနေ့က ရှေ့နေနဲ့တွေ့ဖြစ်ခဲ့တဲ့အကြောင်း သူမကိုပြန်ပြောပြတာ စိတ်ပါလက်ပါနားထောင်နေတယ်။ "ငါ သူ့ကို ဆေးရုံခေါ်သွားလိုက်တာ မှန်ကန်တဲ့အရာကိုလုပ်ခဲ့တာပဲလို့ သူကပြောတယ်။ အဲ့ဒါတွေက ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့အစည်းကို အကြောင်းကြားဖို့ ဥပဒေအရ တာဝန်ရှိသွားပြီ။ အဲ့ဒီလိုဆိုပေမဲ့လည်း အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ငါဘယ်လိုခံစားနေရမှန်း မသေချာဘူး။ အဲ့ဒါကို အစိုးရလက်ထဲအာဏာလွှဲပေးထားရတော့ သူတို့တွေက ငါက သူ့အတွက် အကောင်းဆုံးနေရာတစ်ခုပါလို့ မထင်ကြရင် ဘယ်လိုလုပ်မလဲ"

"သူတို့က ဘာလို့မထင်ကြရမှာလဲ"

"ငါက အလုပ်တွေအရမ်းလုပ်လွန်းတယ်လေ။ အိမ်ထောင်မရှိဘူး။ ဒီတော့ ဂျော့ရှ်က အချိန်တချို့ကို တစ်ယောက်တည်းဖြစ်နေရလိမ့်မယ်။ ပြီးတော့ ငါက ကလေးတွေကိုပြုစုပျိုးထောင်တဲ့နေရာမှာ အတွေ့အကြုံမှမရှိဘဲ။ သူတို့တွေက တင့်ကို ပိုပြီးသင့်တော်တဲ့သူလို့ တွေးချင်တွေးကြမှာပဲ။ သူက အဖေအရင်းဖြစ်နေတာကိုး။ သူတို့က သူ့ကို ငါ့အမေဆီတောင် ပြန်ပေးချင်ပေးလိုက်ကြနိုင်တယ်။ သူမလုပ်ခဲ့တဲ့ဟာက သူ့ကို သူမအုပ်ထိန်းခွင့်အောက်နေ ဖယ်ထုတ်ပစ်နိုင်အောင်ဖြစ်ရဲ့လားဆိုတာတောင် မသေချာဘူးလေ"

လီလီက ကိုယ်ကိုကျွန်တော့ဘက်ကိုင်းလာပြီး လက်ဖျံပေါ်တစ်ချက်နမ်းလိုက်တယ်။ "ငါတော့ နင် ငါ့ကို ဖေ့တိုင်းနဲ့ပထမဆုံးခေါ်လာတဲ့အချိန်မှာပြောခဲ့တဲ့စကားကိုပဲ နင့်ပြန်ပြောရတော့မယ်။ နင်ပြောခဲ့တာ 'နင်က ဖြစ်တောင်ဖြစ်မလာသေးတဲ့အရာတွေအပေါ် ဖိအားတွေဖြစ်နေတာပဲ' တဲ့"

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now