အခန်း (၂၁)

141 28 0
                                    

အာ့တ်လက်စ်

ကျွန်တော့ဘဝမှာ ကျွန်တော့ကိုဒေါသထွက်အောင်လုပ်ခဲ့ကြတဲ့အရာတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမဲ့ လီလီ့တက်တူးနဲ့ အဲ့ဒါတဝိုက်က သွားကိုက်ရာပုံသဏ္ဌာန်ပျောက်လုဆဲဆဲအမာရွတ်ကို မြင်လိုက်ရတော့ ကျွန်တော့ဆီမှာပြည့်နှက်သွားတာလိုမျိုး ဘာအရာမှ ဒေါသစိတ်တွေနဲ့ ဖြည့်မလာခဲ့ဖူးဘူး။

အမျိုးသမီးတစ်ယောက်အပေါ် ဘယ်ယောင်္ကျားကများ အဲ့ဒီလိုမျိုး လုပ်နိုင်မှာလဲ။ ကျွန်တော်တော့ ဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။ လူသားဘယ်နှယောက်များ သူတို့အနေနဲ့ချစ်မြတ်နိုးပြီး ကာကွယ်ပေးလိုစိတ်ရှိနေသင့်တဲ့ လူသားတစ်ယောက်အပေါ်မှာ အဲ့ဒီလိုမျိုးလုပ်နိုင်မှာလဲ။ ကျွန်တော် ဘယ်တော့မှ နားလည်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ကျွန်တော်နားလည်တာကတော့ လီလီဟာ အဲ့ဒီထက်ပိုကောင်းမွန်တာမျိုးနဲ့ ထိုက်တန်တယ်လို့ပဲ။ ပြီးတော့ ကျွန်တော်က သူမကို ပိုကောင်းမွန်တာမျိုးပေးစွမ်းမယ့်သူ ဖြစ်လာတော့မယ်။ ကျွန်တော်တို့ပုံစံတွေက ရပ်လို့မရတော့လောက်တဲ့ပုံမျိုးပေါက်နေကြတဲ့ ဒီအနမ်းကနေအစပြုပြီးပေါ့။ ကျွန်တော်တို့ ခဏရပ်ပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြတဲ့အချိန်တိုင်း ကျွန်တော်တို့တွေ နမ်းတဲ့ဆီပဲ ပြန်ရောက်သွားကြတယ်။ ဆုံးရှုံးသွားခဲ့ရတဲ့အချိန်တွေအားလုံးအတွက် ဒီအနမ်းတစ်ချက်နဲ့ ပြန်ထေမိအောင်လုပ်ကြရမယ့်အတိုင်းပဲ။

ကျွန်တော် သူမမေးရိုးအတိုင်း တရွတ်ဆွဲနမ်းသွားလိုက်တာ သူမရဲ့ညှပ်ရိုးနဲ့ သွားဆုံမိတဲ့အထိပေါ့။ ကျွန်တော် သူမကို အဲ့ဒီနေရာနမ်းရတာ အမြဲခုံမင်တယ်။ ဒါပေမဲ့ သူမရဲ့နေ့စဉ်မှတ်တမ်းကိုဖတ်လိုက်ရတဲ့အချိန်ထိ ကျွန်တော် အဲ့ဒီနေရာကိုနမ်းရတာ ဘယ်လောက်ခုံမင်မှန်း သူမသတိထားမိနေတာကို မသိခဲ့ဘူး။ ကျွန်တော့ရဲ့နှုတ်ခမ်းတွေကို သူမရဲ့တက်တူးပေါ်ဖိကပ်လိုက်တယ်။ နောင်ကျ ကျွန်တော် သူမကို ဒီနေရာမှာ အနမ်းပေးလာရင် သူမဘက်က ကျွန်တော်တို့ရဲ့ကောင်းမွန်တဲ့အစိတ်အပိုင်းတွေကို အမှတ်ရနေမှာ သေချာအောင်လုပ်ပေးဖို့ စိတ်ပိုင်းဖြတ်လိုက်ရင်းပေါ့။ သူမရဲ့အသည်းနုလုံးပုံတက်တူးပတ်ပတ်လည်က အမာရွတ်တွေအကြောင်း မစဉ်းစားမိအောင် အနမ်းတွေတစ်သန်းလောက်လိုရင် ကျွန်တော် သူမကို အဲ့ဒီနေရာမှာ အကြိမ် တစ်သန်းနဲ့တစ်ကြိမ် အနမ်းတွေပေးပစ်လိုက်မယ်ဗျာ။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now