အခန်း (၁၆)

141 32 0
                                    

လီလီ

ကလေးတွေရှိလာပြီးတဲ့နောက်မှာ သင်ဟာ သင့်ရဲ့မနက်ခင်းတွေကို ဆုံးရှုံးသွားရတော့တာပါပဲ။

အိပ်နေတုန်းမှာ လွတ်ကောင်းလွတ်သွားခဲ့လောက်တဲ့အရာအားလုံး ပြန်သိလိုက်ရအောင် ဖုန်းကိုဆွဲယူပြီးမလုပ်ခင် ကျွန်မမျက်လုံးကြီးဖွင့်ရင်း အိပ်ရာထဲမိနစ်တွေနဲ့ချီအောင်နေနေခဲ့ကျပါလေ။ ကျွန်မကော်ဖီတစ်ခွက်သောက်မယ်။ အဲ့ဒီနောက် ရေချိုးနေတုန်းမှာ ကျွန်မရဲ့တစ်နေ့တာကို စိတ်နဲ့အသေးစိတ်အစီအစဉ်ဆွဲမယ်။

ဒါပေမဲ့ အခုတော့ ကျွန်မမှာ အမ်မီရှိနေပြီ။ သူမရဲ့မနက်ခင်းငိုသံက ကျွန်မကို အိပ်ရာထဲကနေဆွဲခွာထုတ်သွားတယ်။ ကျွန်မခမျာ ဆီးသွားဖို့တောင် အချိန်မရလိုက်ဘဲ သူမရဲ့တောက်တိုမယ်ရခိုင်းဖတ်ကြီးဖြစ်လာပါတော့တယ်။ သူမကို တက်သုတ်ရိုက်ပြီး သေးခံလဲပေး၊ တက်သုတ်ရိုက်ပြီး အဝတ်အစားဝတ်ပေး၊ တက်သုတ်ရိုက်ပြီးကျွေးမွေးပေးရတယ်။ မနက်ခင်းမိခင်ဝတ္တရားတွေ လက်စသတ်ပြီးချိန်မှာတော့ အလုပ်သွားဖို့နောက်ကျနေပြီး ကျွန်မကိုယ်ကျွန်မအဲ့ဒီအလုပ်တွေလုပ်ဖို့ အချိန်မရှိတော့သလောက်ပဲ။

အဲ့ဒါကြောင့်ပဲ ကျွန်မတနင်္ဂနွေနေ့မနက်ခင်းတွေကို အမြတ်တနိုးဖြစ်နေရတာ။ တစ်ပတ်လုံးမှာ ကျွန်မ စိတ်တည်တည်ငြိမ်ငြိမ်ရှိရတဲ့ခံစားမှုမျိုးရတဲ့ တစ်ရက်တည်းသောနေ့လို ခံစားရတယ်။ အမ်မီတစ်ယောက် တနင်္ဂနွေနေ့မှာ နိုးလာရင် ကျွန်မသူမကို ကျွန်မနဲ့အတူတူအိပ်ရာထဲပြန်ခေါ်သွားလိုက်တယ်။ ကျွန်မတို့အတူတူလှဲနေကြရင်း သူမဗလုံးဗထွေးပြောတာတွေကို နားထောင်တယ်။ တက်သုတ်ရိုက်ပြီး အိပ်ရာထရတာဖြစ်ဖြစ်၊ တစ်နေရာရာကိုတက်သုတ်ရိုက်သွားရတာဖြစ်ဖြစ် လုံးဝမရှိဘူး။

တစ်ခါတရံကျ၊ အခုလိုမျိုးကျရင်ပေါ့၊ ကျွန်မပြန်အိပ်ပျော်သွားရော။ ပြီးတော့ ကျွန်မ သူမကို အချိန်အကြာကြီးစိုက်ကြည့်နေလိုက်တယ်__ မိခင်ဘဝဆိုတဲ့အံဖွယ်အဖြစ်ကြီးကို အံ့သြချီးမွမ်းရင်းလေ။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now