အခန်း (၁၇)

128 30 0
                                    

အာ့တ်လက်စ်

ဂျော့ရှ်က ကျွန်တော့ကိုယုံကြည်စိတ်ချမှုမရှိဘူး။ ဒါပေမဲ့ ကျွန်တော် သူ့ရဲ့မယုံမကြည်ဖြစ်နေတာတွေကို အားပျော့သွားအောင်လုပ်ပစ်မှာပါ။ သူ ဘယ်သူ့ကိုမှအယုံအကြည်မရှိဘူးလို့ ကျွန်တော်ကောင်းကောင်းကြီးလောင်းရဲတယ်။ ဒီတော့ အဲ့ဒါကို ပုဂ္ဂိုလ်ရေးအရတုံ့ပြန်သဘောထားမနေတော့ပါဘူး။ သူ့ရဲ့ကလေးဘဝကသာ ကျွန်တော့လိုဘဲဆိုရင် အသက်(၁၂)နှစ်အရွယ်မှာ ဘယ်ကလေးမှ အကျွမ်းတဝင်ဖြစ်နေမှာမဟုတ်တဲ့ နည်းလမ်းတစ်မျိုးနဲ့ သူထိတွေ့ထားခဲ့ရမှာ အသေအချာပဲ။

သူ ကျွန်တော့ကို မယုံကြည်တဲ့မျက်လုံးတွေနဲ့ စိန်းစိန်းဝါးဝါးစိုက်ကြည့်လာသလောက် ကျွန်တော့အကြောင်းသိချင်စိတ်ဖြစ်နေမှန်းလည်း ကျွန်တော်ခံစားကြည့်လို့ရနေတယ်။ သူက မေးခွန်းတွေအများကြီးမမေးဘူး။ ဒါပေမဲ့ ကျွန်တော့ကို ကြည့်နေတဲ့ပုံက သူ့လျှာဖျားမှာ မေးခွန်းပေါင်းသန်းချီပြီးရှိနေကြောင်း သိသာမြင်သာတယ်။ ဘာရယ်ကြောင့်မှန်းမသိ သူက အဲ့ဒါတွေကို မျိုသိပ်ထားတယ်။ သူက ကျွန်တော့ရဲ့စားသောက်ဆိုင်ကို ဖျက်ဆီးခဲ့တဲ့သူမှန်း သိရှိသွားပြီးတဲ့နောက် မနေ့ညက သူ့အပေါ် ဘာလို့ အေးအေးဆေးဆေးဘဲဆက်ဆံခဲ့ရတာလဲဆိုပြီး တွေးတောသိချင်နေမိတာ ဖြစ်လောက်တယ်။ ကျွန်တော်သူ့အကြောင်းကို ဘာလို့မသိလဲဆိုတာ တွေးတောသိချင်နေတာလည်း ဖြစ်လောက်တာပဲ။ ပြီးတော့ ကျွန်တော်က ကျွန်တော့အမေတို့၊ တင်တို့နဲ့ အရမ်းကိုကွာခြားလွန်းနေတာကိုပေါ့။

သူ ဘာကိုတွေးတောသိချင်နေတာပဲဖြစ်ဖြစ်ပါ၊ သူ့မျက်နှာထားပေါ်မှာတော့ ခပ်ကျပ်ကျပ်အဖုံးတစ်ခုဖုံးထားဖို့ ကြိုးပမ်းနေတယ်လေ။ သူ့ကို စိတ်မသက်မသာမဖြစ်စေချင်ဘူး။ ဒါကြောင့် သူမနက်စာစားနေတဲ့အချိန်မှာ စကားပြောတာအများစုကို ကျွန်တော်ကပဲလုပ်နေလိုက်တယ်။ အဲ့ဒါက ဒီလောက်လည်း မခက်ခဲပါဘူး။ သူကျွန်တော့ကိုမေးစရာတွေရှိနေသလို ကျွန်တော့မှာလည်း သူ့အတွက်မေးခွန်းတွေအများကြီးရှိတယ်။ အဲ့ဒါက ကျွန်တော်တို့တွေ မနေ့ညက နောက်ဆုံး ကျွန်တော့အိမ်ကိုပြန်လာခဲ့ကြတဲ့အချိန်မှာ ကျွန်တော်အိပ်မရခဲ့တဲ့အကြောင်းပြချက်တွေထဲက တစ်ခုပဲ။ ဒီမနက် သူဒီမှာရှိနေသေးတာကြောင့် ကျွန်တော်အမှန်တကယ်ကိုရှော့ခ်ဖြစ်သွားတယ်။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now