အခန်း (၂၆)

155 30 0
                                    

လီလီ

မင်းကတော့ ငါ့ကို စိတ်ပျက်အောင်လုပ်လိုက်တာပဲ၊ လီလီ

ကျွန်မဖုန်းကို ထိတ်လန့်တုန်လှုပ်ရင်း စိုက်ကြည့်နေမိတယ်။

ဒါက အပြောင်အပြက်တစ်ခုလား။

မင်း ငါ့ကို ဘီလူးသဘတ်တစ်ကောင်လိုဆက်ဆံလိုက်တာ၊ ငါက သူမရဲ့ေ-ာက်အဖေကွ။

မနက်(၅)နာရီကြီးပေါ့။ ကျွန်မ ရေအိမ်သွားဖို့ နိုးလာတယ်။ နှိုးစက်မြည်မလာခင် နောက်ဆုံးတစ်နာရီလောက်အိပ်လိုက်ဖို့ မကြိုးစားခင်လေး ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ကျွန်မရဲ့ဖုန်းကိုတစ်ချက်ကြည့်လိုက်တယ်။

စာတွေအားလုံးက ရွိုင်းလ်ဆီကပဲ။ တနင်္ဂနွေနေ့က သူ ကျွန်မအိမ်မှာပေါ်လာပြီးကတည်းက သူ့ဆီကအဆက်အသွယ်မရသေးဘူး။ (၄)ရက်ရှိသွားပြီပေါ့။ သူက လှမ်းဆက်သွယ်ပြီး သူ ကျွန်မအပေါ်ဒေါသမချုပ်တည်းနိုင်လိုက်တာကို တောင်းပန်လာတာမျိုးတောင် လုံးဝစိတ်ရှုပ်ခံမလုပ်ခဲ့ဘူး။ (၄)ရက်လောက် အသံတိတ်နေခဲ့ပြီးမှ ဒါကြီးတဲ့လား။

ငါ မင်းကို မတွေ့ခင်က ပိုပြီးပျော်ရွှင်ခဲ့ရတယ်။

ကျွန်မ တရစပ်ပို့ထားခဲ့တဲ့စာတွေကို တောက်လျှောက်ဖတ်လာရင်း သူမနေ့ညက ဒါတွေပို့ခဲ့တဲ့အချိန်မှာ မူးနေတယ်လို့ ကောင်းကောင်းကြီးသိနေတယ်။ ပထမဆုံးတစ်ခုက ညသန်းခေါင်အချိန်ကြီးပို့လိုက်တာ။ နောက်ဆုံးပို့လိုက်တဲ့ မနက်(၂)နာရီတစ်ခုက

အိမ်ခြေရာမဲ့ဘဲနဲ့ချရင်း ပျော်ရွှင်နေပါစေ။

ကျွန်မဖုန်းကို ကျွန်မရဲ့အိပ်ရာပေါ်ပစ်ချလိုက်ပြီး လက်တွေကတုန်ယင်နေတယ်။ သူ ဒါတွေပို့လာတာကို ကျွန်မမယုံနိုင်ဘူး။ (၄)ရက်လောက်တိတ်ဆိတ်နေတာ သူ့ဘက်ပိုင်းမှာ နောင်တတွေတဆန့်ကြီးဖြစ်နေလို့လို့ မျှော်လင့်ထားခဲ့တာ။ ဒါပေမဲ့ သူက သူ့ဒေါသတွေထဲသူ့ဘာသာပြန်နှပ်နေခဲ့တာမှန်း အသိအသာကြီးပဲ။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now