အခန်း (၁၀)

143 28 0
                                    

လီလီ

"မေမေ၊ အဲ့ဒါ အဆင်ပြေပါတယ်။ တကယ်ပြောတာ" ကျွန်မဖုန်းကို ပါးနဲ့ လည်ပင်းကြားညှပ်ထားရင်း "သမီးအယ်လီဆာတို့ဆီ ရောက်နှင့်နေပြီ။ အဲ့ဒါက အလျဉ်းမသင့်တာမျိုး လုံးဝမဟုတ်ဘူး"

"သမီးသေချာလို့လား။ ရော့ဘ်က သူမကို သူကြည့်ပေးထားနိုင်တယ်လို့ ပြောတယ်"

"ဟင့်အင်း။ ရော့ဘ်က မေမေ့ကိုဂရုစိုက်ပေးဖို့လိုတယ်"

"ပြီးရောလေ။ အမ်မီ့ကို သူမနန်နီက စိတ်မကောင်းပါဘူးလို့ ပြောပေးဦး"

"နန်နီတဲ့လား။ အဲ့ဒါ အခုလက်ရှိမှာ မေမေသုံးသွားမယ့်ဟာပေါ့လေ"

"မေမေ အဲ့ဒါကိုစမ်းကြည့်နေတာပါပဲ" လို့ သူမပြောတယ်။ "မေမေက ဘွားဘွားဆိုတာကို မကြိုက်ဘူး​လေ"

အမ်မီမွေးကတည်းက သူမကိုယ်သူမ အဘွားတစ်ယောက်အနေနဲ့ မတူတဲ့အခေါ်အဝေါ်(၄)မျိုးခေါ်ခဲ့ပြီးသွားပြီ။ ဒါပေမဲ့ အဲ့ဒါတွေတစ်ခုမှ စွဲစွဲမြဲမြဲမရှိသေးဘူး။ "ချစ်တယ်နော်၊ မေမေ။ နေကောင်းလာပါစေ"

"သမီးကိုလည်း ချစ်ပါတယ်ကွယ်"

ကျွန်မဖုန်းချလိုက်ပြီးနောက် အမ်မီ့ကို သူမရဲ့ကားထိုင်ခုံကနေ ချီထုတ်လိုက်တယ်။ ရွိုင်းလ်ရဲ့ကား သူ့ရပ်နားတဲ့နေရာမှာရှိမနေလို့ စိတ်သက်သာရာရမိတယ်။ ကျွန်မ သူနဲ့အယ်လီဆာတို့နှစ်ယောက်လုံး တိုက်ခန်းပိုင်ထားကြတဲ့အဆောက်အဦကိုလာဖို့ အစီအစဉ်မရှိခဲ့ဘူး။ ဒါပေမဲ့ အမေနဲ့အမ်မီတို့က ဒီအပတ် အတူတူပဲဖျားကြတယ်လေ။

ကျွန်မ မနေ့က သူမကို အမေ့ဆီကနေသွားခေါ်တော့ အမ်မီ့မှာ အဖျားငွေ့ငွေ့လေးရှိနေတယ်။ မနက်(၂)နာရီလောက်ကျတော့ အဲ့ဒါက အဖျားအပြင်းဆုံးအထိဖြစ်သွားပြီး ကျွန်မတတ်နိုင်တာဘာမှမရှိခဲ့ဘူးရယ်။ ဒါပေမဲ့ ဒီနေ့ ကျွန်မအလုပ်သွားဖို့အဆင်သင့်ဖြစ်တဲ့အချိန်ကျတော့ အဲ့ဒါက ပျောက်သွားပြီ။ ဒါပေမဲ့ ဒီနေ့လယ်ကျ အဲ့ဒီအဖျားက ကျွန်မအမေဆီအတိုးချပြီး သွားတိုက်ခိုက်ပစ်လိုက်တော့တယ်။ ကျွန်မမှာ အလုပ်လုပ်နေတုန်းကြီး အမ်မီ့ကိုသွားခေါ်ခဲ့ရတယ်။ ကျွန်မ ခဏလောက် နည်းနည်းထိတ်ထိတ်ပျာပျာဖြစ်သွားတယ်။ ဘာလို့လဲဆိုတော့ ဒီညက အာ့တ်လက်စ်နဲ့ချိန်းတွေ့မယ့်ညလေ။ ကျွန်မတော့ အစီအစဉ်ကိုဖျက်ရတော့မယ်ပဲတွေးနေတာ။ ဒါပေမဲ့ အယ်လီဆာက ကယ်တင်ပေးလိုက်တယ်။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now