အခန်း (၃၆)

225 25 0
                                    

လီလီ

ကျွန်မ အာ့တ်လက်စ်ရဲ့ဆိုဖာခုံရှည်ပေါ်မှာ ကွေးနေရင်း ပြောင်းရွှေ့လာရတာကြောင့် ခြေကုန်လက်ပန်းကျနေတယ်။

ကျွန်မတို့ရဲ့ဆိုဖာခုံရှည်ပေါ့နော်။

အကျင့်သားရသွားဖို့ နည်းနည်းပါးပါးတော့ကြာဦးမယ်။

ကျွန်မ သီအိုနဲ့ဂျော့ရှ်တို့ကို အမ်မာဆန်နဲ့ကျွန်မရဲ့ကျန်တဲ့ပစ္စည်းတွေ ဝိုင်းရှင်းပေးခိုင်းထားတယ်။ ဘာလို့လဲဆိုတော့ အာ့တ်လက်စ်က အလုပ်မှာညနက်မှာလေ။ ကျွန်မက အစောကြီးထရပြီး သူက အိမ်ကိုနောက်ကျမှပြန်ရောက်တယ်။ ဒါပေမဲ့ အခုဆို ကျွန်မတို့တွေ အချင်းချင်းရဲ့အစိတ်အပိုင်းတွေပိုရလာကြတော့မှာမို့ စိတ်လှုပ်ရှားရပါတယ်နော်။ အဲ့ဒါက ဖြတ်သွားကြရင်းနဲ့ပဲဖြစ်ဖြစ်ပေါ့လေ။ ပြီးတော့ ကျွန်မတို့ တနင်္ဂနွေနေ့တွေကို အတူတူရှိခွင့်ရကြပြီ။

ဒါပေမဲ့ ဒီညက သောကြာနေ့။ ပြီးတော့ မနက်ဖြန်က စနေနေ့။ အာ့တ်လက်စ်ရဲ့အလုပ်အရှုပ်ဆုံးနေ့တွေပဲ။ ဒီတော့ ကျွန်မ ဂျော့ရှ်နဲ့သီအိုကို ကျွန်မအမေအမ်မာဆန်နဲ့ပြန်လာတဲ့အထိ ဖျော်ဖြေပေးနေလိုက်တယ်။ ကျွန်မတို့(၃)ယောက် 'နီမိုကိုရှာဖွေခြင်း'ကာတွန်းကားကြည့်နေကြပြီး အဲ့ဒါက ပြီးခါနီးနေပြီ။

သူတို့တွေ အဲ့ဒါကိုပြီးတဲ့အထိတစ်လျှောက်လုံးထိုင်ကြည့်သွားကြလိမ့်မယ်လို့ တကယ်မထင်ထားခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဒစ်စနီကာတွန်းကားတွေကနေ သူတို့ကိုယ်သူတို့ခွဲထွက်ချင်နေကြတဲ့ (၁၂)နှစ်၊ (၁၃)နှစ်အရွယ် ဆယ်ကျော်သက်မတိုင်မီအရွယ်လေးတွေလေ။ ဒါပေမဲ့ Gen Zက ကွဲပြားခြားနားတဲ့ မျိုးကောင်းမျိုးသန့်တစ်ခုလို့ သိမှတ်လေ့လာမိနေတယ်။ ကျွန်မ ဒီနှစ်ယောက်နဲ့အချိန်ပိုကုန်လာရလေလေ၊ သူတို့က သူတို့မတိုင်ခင်မျိုးဆက်တွေတစ်ခုနဲ့မှ မတူဘူးလို့ တွေးမိလာလေလေပဲ။ သူတို့တွေက တန်းတူရွယ်သူတွေအများကြီးဆီကလွှမ်းမိုးခံရတာမျိုး နည်းပြီး တစ်ဦးချင်းအလိုက်သီးခြားပံ့ပိုးမှုမျိုး ပိုအလေးသာကြတယ်။ ကျွန်မ သူတို့ကို နည်းနည်းမနာလိုဖြစ်မိတယ်။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now