အခန်း (၃၅)

153 22 0
                                    

အာ့တ်လက်စ်

"မင်းက မချမ်းသာဘူးလား" လို့ ဘရတ်ကမေးတယ်။ "မင်းကို ဒါမျိုးလုပ်ပေးဖို့ လူတွေငှားလို့မရဘူးလား"

"ငါက စားသောက်ဆိုင်(၂)ဆိုင်ပိုင်တာလေ။ ချမ်းသာတယ်ဆိုတာနဲ့နီးတောင်မနီးစပ်ပါဘူး။ ပြီးတော့ ငါ့မှာမင်းတို့လိုကောင်တွေရှိနေမှတော့ ဘာလုပ်ဖို့တစ်ယောက်ယောက်သွားငှားနေရဦးမှာလဲ"

"အနည်းဆုံးတော့ ကျွန်တော်တို့တွေက အောက်ကိုသယ်ဆင်းကြရတာပဲလေ" လို့ သီအိုကပြောတယ်။

"မင်းရဲ့သားဆီကနေမှတ်သားထားစမ်းပါ၊ ဘရတ်ရာ။ အဆိုးထဲကအကောင်းလေး" (အမှိုက်ထဲကရွှေ)

ကျွန်တော်တို့မှာ ရွှေ့စရာသိပ်မကျန်တော့ဘူး။ ကျွန်တော့အိမ်က ပရိဘောဂတွေရှိထားပြီးသားဆိုတော့ လီလီ သူမရဲ့ပစ္စည်းတော်တော်များများကို မလိုအပ်ဘူးလေ။ ဒီတော့ သူမက အဲ့ဒါရဲ့အများစုကို အနီးအနားက အိမ်တွင်းအကြမ်းဖက်ခံရသူတွေခိုလှုံတဲ့ဂေဟာဆီ လှူလိုက်တယ်။ ကျွန်တော်တို့တွေက သူမရဲ့တိုက်ခန်းကို ဒီနေ့နေ့လယ်မှာ လုံးဝအပြတ်ရှင်းလင်းပစ်သင့်နေတာ။

ဘရတ်က ကျွန်တော့အသိတွေထဲ ထရပ်ကားရှိတဲ့တစ်ယောက်သောသူလေ။ ဒီတော့ သူနဲ့သီအိုတို့က ကျွန်တော်တို့ကားတွေထဲကိုမဆန့်တဲ့ပစ္စည်းတွေ ဝိုင်းသယ်ပေးကြတယ်။ အမ်မာဆန်ရဲ့ပုခက်တို့၊ လီလီရဲ့ဧည့်ခန်းသုံးရုပ်မြင်သံကြားစက်တို့၊ သူမရဲ့နံ့ရံတွေမှာချိတ်ထားတဲ့ပန်းချီကားတချို့တို့ပေါ့။

ဂျော့ရှ်ကတော့ ကံကောင်းပြီးလွတ်သွားတယ်။ သူက ဘတ်စကတ်ဘောလေ့ကျင့်တဲ့ဆီမှာ။ ဒီတော့ အိမ်ပြောင်းတာကို သူလာကူစရာမလိုဘူး။

ပြီးခဲ့တဲ့လပိုင်းလောက်က သူအိမ်ပြန်လာတဲ့အချိန် ကျွန်တော့ကိုလူရွေးပွဲအတွက် စာရင်းသွင်းလာခဲ့တဲ့အကြောင်းပြောတော့ အံ့အားသင့်သွားမိတယ်။ သူက အဖွဲ့တစ်ခုဝင်ခဲ့ပြီး အဲ့ဒီထဲ သူ့မှာရှိသမျှအကုန်ပေးအပ်ခဲ့တယ်။ လီလီနဲ့ကျွန်တော်တစ်လှည့်စီသွားကြရင်း သူ့ရဲ့ကစားပွဲတစ်ပွဲမှ ကျွန်တော်တို့ မလွတ်ခဲ့ကြဘူး။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now