အခန်း (၂၀)

136 29 2
                                    

လီလီ

မင်္ဂလာဆောင်တစ်ခုအတွက် ပန်းအလှဆင်သူတစ်ယောက်နဲ့ ဧည့်သည်တော်တစ်ယောက်ဖြစ်ရတာ စိန်ခေါ်မှုတစ်ရပ်ပဲ။ ကျွန်မခမျာတစ်နေ့လုံး လျှောက်လမ်းမှာရှိတဲ့ပန်းတွေက လူစီလိုချင်သလိုဖြစ်ဖို့ စီစဉ်ရင်းပြေးလွှားနေခဲ့ရတယ်။ အဲ့ဒါအပြင်ကိုမှ ကျွန်မတို့အနေနဲ့ မင်္ဂလာဆောင်အတွက် ဆိုင်ကိုစောစောပိတ်ရမှာမို့လို့ ဆရီနာတစ်ယောက် ပို့စရာရှိတဲ့အမှာစာတွေအားလုံးကို ပြီးအောင်လုပ်ပြီး ထရပ်ကားပေါ်တင်ပေးဖို့ ဝိုင်းကူပေးမယ့်သူကလိုသေးတယ်လေ။

အာ့တ်လက်စ် ကျွန်မရဲ့တိုက်ခန်းကိုရောက်လာပြီး လာခေါ်တဲ့အချိန်မှာ ကျွန်မခမျာ အဆင်သင့်ဖြစ်ဖို့နေနေသာသာ နီးတောင်မနီးစပ်ပါဘူးရှင်။ ကျွန်မအခုလေးတင် သူက အပေါ်တက်လာခဲ့လိုက်သင့်လားလို့ လှမ်းမေးတဲ့စာတစ်စောင်ရခဲ့တယ်။ သူသတိထားနေတယ်ဆိုတာ ကျွန်မတို့အတွက် အားလုံးက အသစ်တွေဖြစ်လွန်းနေလို့မှန်း ကျွန်မသေချာပါတယ်။ ပြီးတော့ သူသာတံခါးလာခေါက်လိုက်မယ်ဆိုရင် ဒီမှာ ဘယ်သူရှိနေလောက်မလဲ သူ မသိလို့လေ။ နောက်ပြီး အာ့တ်လက်စ်က မင်္ဂလာဆောင်ကိုသွားဖို့ ကျွန်မချိန်းထားတဲ့သူမှန်း သူတို့ကို ကျွန်မ သိစေချင်ပါ့မလားကိုရောပေါ့။

အဲ့ဒီအကြောင်းအရင်းကြီးကြောင့်ပဲ သူ့ကိုမင်္ဂလာဆောင်ဖိတ်ဖို့ ကျွန်မ တွန့်ဆုတ်နေခဲ့တာပါ။ ဒါပေမဲ့ လူစီ့မင်္ဂလာဆောင်မှာရှိနေမယ့် ဘယ်သူမှ ရွိုင်းလ်ကိုသိတောင်သိကြမှာ မဟုတ်မှန်း ကျွန်မ ယုံကြည်ချက်အပြည့်ရှိတယ်လေ။ ကျွန်မတို့တွေက မတူညီတဲ့အသိုင်းအဝိုင်းတွေကြား လှုပ်ရှားနေကြတာကိုး။ သူတို့တွေက ရွိုင်းလ်ကိုသိနေလောက်ကြပြီး၊ ကျွန်မ တစ်ယောက်ယောက်နဲ့ရှိနေပါတယ်လို့ သူ့ဆီပြန်သတင်းရောက်ကောင်းရောက်သွားနိုင်တော့ ဒီစွန့်စားမှုက ဆုလာဒ်တစ်ခုတန်ပြန်ခံစားရဖို့တော့ ထိုက်တန်ပါတယ်။ အာ့တ်လက်စ် ကျွန်မနဲ့လိုက်ဖို့သဘောတူလိုက်ကတည်းက ဒီညကို ကျွန်မစောင့်စားနေခဲ့ရတာရယ်။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now