အခန်း (၁၄)

127 26 0
                                    

လီလီ

ကျွန်မ ချိန်းတွေ့တဲ့အဝန်းအဝိုင်းအပြင်ဘက်ရောက်နေခဲ့တာ အတော်အတန်ကြာသွားခဲ့ပါပြီ။ ဒီတော့ ဖက်တယ်ဆိုတာက တခြားအဓိပ္ပါယ်တစ်ခုခုရဲ့ကုတ်သာဆိုရင် ကျွန်မဘာမှမသိပါဘူးနော်။

သေချာတာတော့ တစ်ချက်ဖက်တာက တစ်ချက်ဖက်တယ်ဆိုတဲ့အဓိပ္ပါယ်လေးအတိုင်း ရှိနေသေးတာပဲ။

ကျွန်မက လူမှုမီဒီယာတွေဆို သုံးတတ်တယ်ဆိုရုံပဲ။ ဗန်းစကားတွေဆိုရင်တော့ ပြောမနေပါနဲ့တော့။ ကျိန်ပါတယ်။ ကျွန်မက ကျွန်မသိသမျှလူတွေထဲ ခေတ်နဲ့တပြေးညီအချက်အလက်တွေဘာမှမသိဆုံး မီလန်းနီးရယ်ပဲ။ Gen Xတွေကို ကျော်ချပြီး ဘွန်းမားအဝိုင်းအဝန်းထဲရောက်သွားသလိုမျိုးပဲ။ ကျွန်မက ဘွန်းမားမီလန်းနီးရယ်တစ်ယောက်ပါ။ ဘွန်းလန်းနီးရယ်တစ်ယောက်ပေါ့။ ဒုက္ခပါပဲ။ ကျွန်မအမေက ဘွန်းမားတစ်ယောက်ဖြစ်ပြီး ဒီကိစ္စတွေကို ကျွန်မထက်အများကြီးသိလောက်သေးတယ်။ သူမကမှ ရည်းစားအသစ်နဲ့ဖြစ်နေတဲ့တစ်ယောက်လေ။ ကျွန်မ သူမကိုဖုန်းခေါ်ပြီး အကြံဉာဏ်လေးတောင်းလိုက်သင့်တယ်။

[မီလန်းနီးရယ် - millennial – (၁၉၈၁-၁၉၉၅)ခုနှစ်အတွင်း မွေးဖွားသူများ]

[Gen X – Generation X – (၁၉၆၅-၁၉၈၀)ခုနှစ်ဖွားများ]

[ဘွန်းမား - Boomer – Baby Boomer – ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကလေးမွေးဖွားနှုန်းကျဆင်းနေချိန်ကာလအတွင်း မွေးဖွားခဲ့ကြသူများ၊ (၁၉၄၅/၄၆ - ၁၉၆၅)ခုနှစ်အတွင်းမွေးဖွားခဲ့ကြသူများ]

ကျွန်မ သွားတိုက်လိုက်တယ်။ တစ်ချက်ဖက်တယ်ဆိုတာက တစ်ချက်နမ်းကြမယ်ဖြစ်နေလို၊ ဖြစ်နေငြားပေါ့။ အဲ့ဒီနောက် အဝတ်အစားတွေ (၂)ခါလဲလိုက်တာ နောက်ဆုံး သူနဲ့ဖေ့တိုင်းပြောခဲ့တဲ့အချိန်မှာ ဝတ်ထားတဲ့ညအိပ်ဝတ်စုံပဲပြန်ဝတ်လိုက်တဲ့အထိပေါ့။ ကျွန်မကိုယ်ကျွန်မ မဟားတရားကြီးကြိုးစားမထားသလိုပုံမျိုးဖြစ်အောင် မဟားတရားကြီးတွေ ကြိုးစားနေရတယ်။ တစ်ခါတရံကျ အမျိုးသမီးတစ်ဦးဟာ အရမ်းကိုအူကြောင်ကြောင်နိုင်လွန်းပါတယ်နော်။

ကျွန်မရဲ့တိုက်ခန်းထဲ ဘယ်ပြန်ညာပြန်လျှောက်နေရင်း သူတံခါးခေါက်လာမှာကို အမောတကောဖြစ်နေတယ်။ ကျွန်မဘာလို့အရမ်းစိတ်လှုပ်ရှားကြောင့်ကြနေမှန်း မသိပါဘူး။ သူနဲ့အခုလေးတင် (၃)နာရီလောက် အချိန်ဖြုန်းလာခဲ့တဲ့ဟာကို။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now