အခန်း (၁)

541 48 6
                                    

အာ့တ်လက်စ်

Bib'sရဲ့နောက်ဖေးတံခါးပေါ် 'ass whole'ဆိုပြီး အနီရောင်မှုတ်ဆေးနဲ့ရေးဆွဲထားတဲ့ သတ်ပုံ မှားပုံ၊မှားနည်းက ကျွန်တော့အမေကိုသွားတွေးမိစေတယ်။

သူမက စကားလုံးတစ်လုံးရဲ့အသံထွက်တွေကြား အမြဲတအောင့်လောက်ခြားခြားပြောပြီး အဲ့ဒီစကားလုံးကို သီးခြားစကားလုံး(၂)လုံးလိုဖြစ်သွားအောင် လုပ်တတ်တယ်လေ။ အဲ့ဒါမျိုးကြားတိုင်း ကျွန်တော်ရယ်ချင်မိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်က အဲ့ဒီဆဲရေးတိုင်းထွာပြောခံလိုက်ရတဲ့သူဖြစ်နေတဲ့အခါမျိုးမှာကျတော့ ကလေးတစ်ယောက်အနေနဲ့ ကျွန်တော်ဟာ အဲ့ဒီစကားလုံးထဲကရယ်စရာကောင်းတဲ့အရာကို ရှာတွေ့ဖို့ခက်ခဲ့တယ်။

"Ass... whole" ဒါရင်က ရေရွတ်လိုက်တယ်။ "ကလေးတစ်ယောက်ပဲဖြစ်ရမယ်။ လူကြီးအများစုက အဲ့ဒီစာလုံးကိုဘယ်လိုပေါင်းရမှန်း သိနေကြတာပဲ"

"မင်းတော့ အံ့အားသင့်မိမှာပဲ" ကျွန်တော် ဆေးမှုတ်ထားတဲ့ဟာကို ကိုင်ကြည့်လိုက်ပေမဲ့ အဲ့ဒါက ကျွန်တော့လက်မှာ လာကပ်မနေတော့ဘူး။ ဒီဟာကိုလုပ်ခဲ့တဲ့သူက ကျွန်တော်တို့ မနေ့ညက ဆိုင်ပိတ်ပြီးနောက်ပိုင်းမှာ လုပ်ခဲ့တာပဲ။

"သတ်ပုံမှားနေတာက တမင်သက်သက်လုပ်ထားတာလို့ မင်းထင်တာလား" သူက မေးလာတယ်။ "သူတို့က မင်းဟာ ဖင်ခေါင်း(စအို)ဖြစ်လွန်းအားကြီးတာမှ မင်းကိုယ်တိုင်ကိုက ဖင်ခေါင်းကြီးတစ်ခုလုံးဖြစ်ရတဲ့အထိပဲလို့ ဆိုလိုချင်တာလား"

"သူတို့တွေ ငါ့ကိုပစ်မှတ်ထားပါတယ်လို့ မင်းဘာလို့ယူဆရတာလဲ။ သူတို့တွေက မင်းကိုဖြစ်ဖြစ်၊ ဘရတ်ကိုဖြစ်ဖြစ် ပစ်မှတ်ထားနေနိုင်တာပဲလေ"

"ဒါက မင်းရဲ့စားသောက်ဆိုင်လေ" ဒါရင်က သူ့ဂျာကင်ကိုချွတ်ပြီး အဲ့ဒါနဲ့ ပြတင်းတံခါးမှန်ကွဲစကြီးတစ်ခုကို နှုတ်ယူလိုက်တယ်။ "အဲ့ဒါက အခဲမကျေတဲ့အလုပ်သမားတစ်ယောက်ဖြစ်ချင်ဖြစ်မှာပေါ့"

"ငါ့မှာ အခဲမကျေဖြစ်သွားတဲ့အလုပ်သမားတွေ ရှိလို့လား" ကျွန်တော်တော့ လစာစာရင်းထဲ ဒီလိုမျိုးလုပ်လောက်မယ့်သူမျိုး တစ်ယောက်မှတွေးကြည့်လို့မရဘူး။ ကျွန်တော်နောက်ဆုံးအလုပ်ထွက်ခိုင်းလိုက်တဲ့သူက လွန်ခဲ့တဲ့(၅)လလောက်ကဖြစ်ပြီး သူမက တက္ကသိုလ်ကနေဘွဲ့ရသွားပြီးတဲ့နောက် ဒီအလုပ်ကနေ ဆက်ဆံရေးကောင်းကောင်းမွန်မွန်နဲ့ပဲ ထွက်သွားခဲ့တာပါ။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now