အခန်း (၃၂)

174 26 1
                                    

လီလီ

နင် အိမ်မှာလား။

စာက အာ့တ်လက်စ်ဆီက။ ဒါကြောင့် ကျွန်မ အဲ့ဒါကို တုံ့ပြန်လိုက်တယ်။

တစ်မိနစ်လောက်တော့ရှိဦးမယ်ပေါ့နော်။ ဘာလို့လဲ။

ကျွန်မအမ်မီ့ရဲ့ကလေးပစ္စည်းအိတ်ထဲ အစားအသောက်တွေကိုထုပ်ပိုးထည့်ပြီးတဲ့နောက် အခန်းပတ်ပတ်လည်သုတ်ချေတင်သွားရင်း သူမအတွက် လဲစရာအဝတ်တစ်စုံဆွဲလာလိုက်တယ်။ အာဟာရမှုန့်ဘူးတစ်ဘူး ပစ်ထည့်လိုက်တယ်။ ကျွန်မက နို့မတိုက်တော့လို့လေ။ ပြီးတော့ သူမကိုကောက်ချီပြီး "သမီးက ရွိုင်းလီကိုသွားတွေ့ဖို့အဆင်သင့်ဖြစ်နေပြီလား"

အမ်မီက ရွိုင်းလီရဲ့နာမည်ကြားတော့ ပြုံးလိုက်တယ်။

ကျွန်မ သူမကို ဒီမနက် အယ်လီဆာ့ဆီကနေသွားခေါ်လာတော့ သူမရယ်၊ မာရှယ်ရယ်ကို ရွိုင်းလ်နဲ့ဖြစ်ပျက်ခဲ့သမျှအားလုံးပြောပြဖြစ်ခဲ့တယ်။ ကျွန်မဆီပို့တဲ့စာတွေ ကျွန်မရဲ့ရှေ့နေကိုပြလိုက်တာ ပါးနပ်တာပဲလို့ အယ်လီဆာကသဘောတူတယ်။ ကျွန်မတို့တွေ ရွိုင်းလ်နဲ့အတည်ပေါက်ကြီးထိုင်ဆန္ဒထုတ်ဖော်ဆွေးနွေးကြဖို့အချိန်ကျပြီလို့လည်း သူမကသဘောတူတယ်။ ကျွန်မကြောင့်ကြစိတ်လှုပ်ရှားနေမိတာ။ ဒါပေမဲ့လည်း သူမနဲ့မာရှယ်တို့ ကျွန်မရဲ့ကျောထောက်နောက်ခံအဖြစ်ရှိနေကြမှန်း သိထားရတာက အင်မတန်မှကိုစိတ်အေးသက်သာရှိစေတယ်။

ကျွန်မတို့တွေ တံခါးမကြီးဆီရောက်ရောက်ချင်းပဲ တံခါးခေါက်သံတစ်သံထွက်လာတယ်။ ကျွန်မ ချောင်းကြည့်ပေါက်ကနေတစ်ချက်ကြည့်လိုက်ပြီး အဲ့ဒီမှာ အာ့တ်လက်စ်ရပ်နေတာတွေ့လိုက်ရလို့ စိတ်သက်သာရာရမိသွားတယ်။ ဒါပေမဲ့ ဂျော့ရှ်ကတော့ သူနဲ့အတူရှိမနေဘူး။ ဒီတော့ ချက်ချင်းကို ကျွန်မရဲ့နှလုံးသားနင့်ခနဲဖြစ်သွားရတယ်။ သူက အာ့တ်လက်စ်ကိုကျော်ပြီး သူ့အဖေနဲ့နေဖို့ တကယ်ကြီးရွေးချယ်ခဲ့တာလား။ ကျွန်မတံခါးကိုလွှဲဖွင့်လိုက်တယ်။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now