အခန်း (၉)

161 28 0
                                    

အာ့တ်လက်စ်

"ကျွန်တော့ကို ပုံတစ်ပုံလောက်ပေးကြည့်လိုက်" လို့ သီအိုပြောလာတယ်။ သူက နောက်​ဖေးလှေကားပေါ်မှာထိုင်ပြီး တတိယမြောက်ဖောက်ထွင်းမှုက မှန်ကွဲစတွေနဲ့ အမှိုက်အိတ်တွေအများကြီးကို ကျွန်တော် လိုက်ကောက်တာ ကြည့်နေတယ်။ မနေ့ညက ဖြစ်ခဲ့တဲ့ဟာပေါ့။ ဒီနေ့မနက် ဘရတ်ကျွန်တော့ဆီဖုန်းလှမ်းခေါ်ပြီး Bib'sနောက်တစ်ခါရိုက်ခွဲခံရပြန်ပြီဆိုတာ အသိပေးလာတယ်။ သူနဲ့သီအိုတို့က သန့်ရှင်းရေးလုပ်ဖို့ ကျွန်တော်နဲ့ဒီမှာလာဆုံကြတာ။ ကျွန်တော့ဘက်က လာဖို့၊ဘာဖို့ကိစ္စ စိတ်ပူစရာမလိုကြောင်း သူ့ကိုပြောလိုက်တာတောင်မှလေ။ တစ်ပတ်လုံးမှာမှ တစ်ရက်ပဲရှိတဲ့ သူတို့ရဲ့ပိတ်ရက်ကြီးမှာ ဘာကိစ္စအတွက်ပဲဖြစ်ဖြစ် ကျွန်တော့ရဲ့ဝန်ထမ်းတွေ အလုပ်ကိုရောက်လာပေးရတဲ့အခါမျိုးကို ကျွန်တော်မုန်းမိတယ်။

"ငါ့မှာ သူမရဲ့ပုံမရှိဘူး" လို့ ကျွန်တော် သီအို့ကိုပြောလိုက်တယ်။

"ဒီတော့ သူမက ရုပ်ဆိုးလို့လား"

ကျွန်တော် မှန်ပုံးကို အမှိုက်ကန်ထဲပစ်ထည့်လိုက်ရင်း "သူမက တအားလှပြီး ငါ့လက်လှမ်းမှီတဲ့အဆင့်မျိုးထဲက မဟုတ်ဘူး"

"ရုပ်ဆိုးကလည်း ခင်ဗျားလက်လှမ်းမှီတဲ့အဆင့်မျိုးထဲက မဟုတ်ဘဲဖြစ်နေဦးမယ့်ဟာ" သူက စိတ်လှုပ်ရှားတာမျိုးမရှိဘဲပြောလာတယ်။ "သူမမှာ လူမှုကွန်ယက်မီဒီယာမရှိဘူးလား"

"ရှိတယ်။ ဒါပေမဲ့ အဲ့ဒါကို သီးသန့်လို့ထားထားတယ်"

"ခင်ဗျားက ဘယ်တစ်ခုမှာမှ သူမရဲ့မိတ်ဆွေမဟုတ်ဘူးလား။ ဖေ့ဘုတ်တို့၊ အင်စတာဂရန်တို့။ ခင်ဗျားမှာ စနပ်ချက်တောင်ရှိရဲ့လား"

"မင်းက စနပ်ချက်အကြောင်းဘာသိလို့လဲ။ မင်းမှာဖြင့် ဖုန်းလေးတစ်လုံးတောင် မရှိဘဲနဲ့များ"

"ကျွန်တော့မှာ ကျွန်တော့နည်း၊ ကျွန်တော့ဟန်နဲ့ရှိတာပေါ့ဗျ" လို့ သူက ပြောတယ်။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now