အခန်း (၂၇)

148 31 0
                                    

အာ့တ်လက်စ်

ကျွန်တော်ဖုန်းကိုစစ်ကြည့်ထားခဲ့တာ နာရီဝက်ပဲရှိသေးတယ်။ ဒါကြောင့် လီလီ့ဆီကနေ လွတ်သွားတဲ့ဖုန်းခေါ်ဆိုထားတာတွေနဲ့ စာ(၃)စောင်ကိုတွေ့လိုက်ရတဲ့အချိန်မှာ အထိတ်တလန့်ဖြစ်သွားမိတယ်။

ကျေးဇူးပြုပြီး ငါ့ကို ဖုန်းခေါ်ပါ။

ငါက အဆင်ပြေပါတယ်၊ ဒါပေမဲ့ ရွိုင်းလ်ကတော့ ဒေါသထွက်နေတယ်။

သူ အဲ့ဒီကိုရောက်ချလာပြီလား။ အာ့တ်လက်စ်ရေ၊ ကျေးဇူးပြုပြီး ငါ့ကိုဖုန်းခေါ်ပါလို့။

-ျီးပဲ။

"ဒါရင်ရေ၊ မင်း ဒါကိုလက်လွှဲယူပေးလို့ရမလား"

ဒါရင်က ကျွန်တော့အစား ဟင်းပွဲအလှဆင်တာလက်စသတ်ပေးဖို့ ရွှေ့လာတယ်။ ကျွန်တော် ကျွန်တော့ရုံးခန်းဆီ ချက်ချင်းလျှောက်သွားပြီး သူမကို ဖုန်းခေါ်လိုက်တယ်။ သူမဖုန်းက အသံချန်ထားတဲ့နေရာကို တန်းရောက်သွားတယ်။ ကျွန်တော် သူမကိုနောက်တစ်ခါထပ်ခေါ်ကြည့်တယ်။ ဘာမှဖြစ်မလာဘူး။

အနောက်ဘက်ကထွက်ပြီး ကျွန်တော့ကားဆီသွားဖို့ ပြင်နေတုန်းမှာပဲ နောက်ဆုံးတော့ ကျွန်တော့ဖုန်းမြည်လာခဲ့တော့တယ်။ ကျွန်တော် ချက်ချင်းဖြေလိုက်တယ်။ "နင်အဆင်ပြေရဲ့လား"

"ငါ အဆင်ပြေပါတယ်" လို့ သူမက ပြောတယ်။

ကျွန်တော် တံခါးဆီသုတ်ချေတင်သွားနေတာကိုရပ်လိုက်ပြီး နံရံတစ်ခုဆီပခုံးနဲ့မှီထောက်လိုက်တယ်။ အသက်တစ်ချက်ရှူထုတ်ရင်း ကျွန်တော့နှလုံးခုန်နှုန်းကို ပုံမှန်အခြေအနေပြန်ဖိနှိပ်ထားလိုက်တယ်။

အသံကိုနားထောင်ရတာတော့ သူမ ကားမောင်းနေတဲ့ပုံပဲ။ "ငါက အမ်မီ့ကိုသွားခေါ်တော့မလို့။ နင့်ကို သူဒေါသထွက်နေတဲ့အကြောင်း သတိလှမ်းပေးချင်ရုံပါပဲ။ သူ အဲ့ဒီမှာပေါ်လာချင်လာမှာကို ငါစိုးရိမ်လို့လေ"

"သတိလှမ်းပေးလို့ကျေးဇူးပါပဲ။ နင်အဆင်ပြေတာ သေချာရဲ့လား"

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now