အခန်း (၂၈)

182 27 0
                                    

လီလီ

‼️‼️🔞‼️‼️

အယ်လီဆာက အမှိုက်အိတ်တွေကြမ်းပြင်ပေါ်ခင်းပြီးမှ အဲ့ဒါတွေကို ချဖို့ဆိုတဲ့ ထက်ထက်မြက်မြက်အတွေးမျိုးရခဲ့တယ်။ ဒီလိုဆို အဲ့ဒါက သန့်ရှင်းရေးလုပ်ဖို့လွယ်သွားမှာပဲ။ အမ်မီနဲ့သူမရဲ့ဝမ်းကွဲအစ်မရွိုင်းလီတို့နှစ်ယောက်စလုံး အခုဆို ကိတ်မုန့်တွေနဲ့အလိမ်းလိမ်းပေကျံနေကြပြီ။

အမ်မီခမျာ ဘာတွေဖြစ်နေတာမှန်းတော့မသိရှာပါဘူး။ ဒါပေမဲ့ သူမက သူမဘာသာသူမသဘောရှိပျော်ရွှင်ကျေနပ်နေတယ်လေ။ ကျွန်မတို့တွေ အယ်လီဆာ့အိမ်မှာပဲ သူမအတွက်ပါတီပွဲအသေးလေးတစ်ခု လုပ်ပေးဖြစ်ခဲ့ကြတယ်။ ကျွန်မအမေ ဒီမှာရှိတယ်။ ရွိုင်းလ်ရဲ့မိဘတွေ၊ မာရှယ်နဲ့အယ်လီဆာ

ရွိုင်းလ်လည်း ဒီမှာရှိတယ်။ ဒါပေမဲ့ သူက သွားတော့မှာ။ သူက ကလေးမလေးနှစ်ယောက်လုံးကို ခပ်သွက်သွက်နှုတ်ဆက်အနမ်းတစ်ချက်စီမပေးခင် သူ့ဖုန်းနဲ့ဓာတ်ပုံ(၂)ပုံလောက်ရိုက်သွားလိုက်တယ်။

သူ မာရှယ်ကို အလုပ်ရှုပ်တဲ့နေ့ဆိုတဲ့အကြောင်းပြောနေတာကြားလိုက်တယ်။ ဒါပေမဲ့ သူက ပါတီတော့လာလုပ်ဖြစ်ခဲ့တယ်။ သူ လက်ဆောင်တွေပေးတဲ့အချိန်ကွက်တိရောက်လာပေးပြီးတော့ ကိတ်ရဲ့အများစုပဲ့ကျကုန်တဲ့အထိနေပေးခဲ့လို့ ဝမ်းသာမိတယ်။ အဲ့ဒါက အမ်မီတစ်ယောက် တစ်နေ့နေ့ကျ သူမရဲ့ဓာတ်ပုံတွေကိုပြန်ကြည့်တဲ့အချိန်မှာ တစ်ခုခုအဓိပ္ပါယ်ဆောင်လိမ့်မယ်မှန်း ကျွန်မသိတယ်။

သူဒီမှာရှိနေတဲ့တစ်ချိန်လုံး ကျွန်မတို့စကားမပြောဖြစ်ခဲ့ကြဘူး။ ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် ပတ်သွားနေပြီး အားလုံးရှေ့မှာ အရာရာအဆင်ပြေနေသလိုမျိုး ဟန်ဆောင်နေကြတယ်။ ဒါပေမဲ့ ရွိုင်းလ်ကတော့ လုံးဝအဆင်ပြေမနေဘူး။ သူ့ဆီကနေ တင်းမာနေတာတွေတရိပ်ရိပ်လွှတ်ထုတ်နေတာကို အခန်းတစ်ဘက်ခြမ်းမှာရပ်နေရင်းနဲ့ ကျွန်မခံစားလို့ရနေတယ်။ အဲ့ဒီလိုဆိုပေမဲ့လည်း သူရဲ့လျစ်လျူရှုခံထားရတာက သူအပြစ်ဖို့လာတာကိုခံရတာထက်တော့ သာပါသေးတယ်။ ဘယ်နေ့ပဲဖြစ်ဖြစ် တခြားရွေးစရာတစ်ခုထက် နှုတ်ဆိတ်နေတဲ့ပုံနဲ့ဆက်ဆံလာတာမျိုးကိုပဲ ကျွန်မရွေးလိုက်မယ်။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now