အာ့တ်လက်စ်
ကျွန်တော်စစ်တပ်ထဲမှာတုန်းက ဘော့စတွန်မှာမိသားစုရှိတဲ့သူငယ်ချင်းတစ်ယောက်နဲ့ တာဝန်အတူတူကျခဲ့ဖူးတယ်။ သူ့အဒေါ်နဲ့သူ့ဦးလေးက အလုပ်ကအနားယူဖို့အဆင်သင့်ပြင်နေပြီး သူတို့ရဲ့စားသောက်ဆိုင်ကိုရောင်းချင်နေကြတယ်။ အဲ့ဒီဆိုင်က Milla'sလို့ခေါ်ပြီး ကျွန်တော် တစ်နှစ်ခွင့်ရတော့ အဲ့ဒီကိုသွားလည်ကြည့်တဲ့အခါ နေရာကိုလုံးဝချစ်မိသွားတယ်။ အဲ့ဒါက အစားအသောက်ကြောင့်၊ ဒါမှမဟုတ် အဲ့ဒါက ဘော့စတွန်မှာရှိတယ်ဆိုတဲ့အချက်ကြောင့်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ တကယ်အမှန်ကတော့ ကျွန်တော် အဲ့ဒါကိုချစ်မိသွားရတာ အဓိကစားသောက်ခန်းအလယ်တည့်တည့်မှာပေါက်နေတဲ့သစ်ပင်ကို အဲ့ဒီအတိုင်းထိန်းသိမ်းထားတာကြောင့်ပဲ။
သစ်ပင်က လီလီ့ကိုသွားအမှတ်ရစေတယ်။
တစ်ခုခုကသာ သူတို့ရဲ့အချစ်ဦးဖြစ်တဲ့တစ်စုံတစ်ယောက်ကို သွားအမှတ်ရစေမယ်ဆိုလို့ရှိရင် သစ်ပင်တွေဆိုတာက အမှတ်ရစရာအဖြစ် သင်လိုချင်တဲ့အရာတွေထဲ နောက်ဆုံးဖြစ်လောက်မယ်။ သူတို့တွေက နေရာတိုင်းမှာ ရှိနေတာကိုး။ အဲ့ဒါကြောင့်ပဲ ကျွန်တော် အသက်(၁၈)နှစ်ကတည်းက နေ့တိုင်းလီလီ့အကြောင်းတွေးလာခဲ့တာဖြစ်လောက်တယ်။ ဒါပေမဲ့လည်း အဲ့ဒါက ကျွန်တော်ဒီနေ့အထိ သူမအပေါ်မှာ ကျွန်တော့အသက်အကြွေးတင်နေသလိုခံစားရတာကြောင့်လည်း ဖြစ်နိုင်တာပဲ။
အဲ့ဒါက သစ်ပင်ကြောင့်ပဲလား၊ ဒါမှမဟုတ် စားသောက်ဆိုင်က ပစ္စည်းကိရိယာ၊ ကုန်ပစ္စည်းနဲ့ ဝန်ထမ်းအပြည့်အစုံနီးပါးရှိနေတဲ့အချက်ကြောင့်လားတော့ ကျွန်တော်မသေချာဘူး။ ဒါပေမဲ့ အဲ့ဒီဟာဝယ်လို့ရပြီဆိုတဲ့အချိန်မှာ အဲ့ဒါကိုဝယ်ပစ်လိုက်ဖို့ညှို့ဓာတ်တစ်မျိုး ကျွန်တော်ခံစားခဲ့ရတယ်။ စစ်တပ်ထဲကထွက်လာတာနဲ့ စားသောက်ဆိုင်တစ်ဆိုင်ပိုင်ဖို့က ကျွန်တော့ရည်မှန်းချက်မဟုတ်ခဲ့ပါဘူး။ ကျွန်တော် အတွေ့အကြုံရအောင် စားဖိုမှူးတစ်ယောက်အနေနဲ့ အလုပ်လုပ်ကြည့်ဖို့စီစဉ်ထားခဲ့တာ။ ဒါပေမဲ့ ဒီအခွင့်အရေးက သူ့ဘာသာအလိုလိုပေါ်လာတော့ တက်လမ်းကနေအဝေးကိုလျှောက်ထွက်မသွားနိုင်ခဲ့ဘူး။ မရိန်းတပ်သားဘဝနဲ့တုန်းက စုဆောင်းထားခဲ့တဲ့ပိုက်ဆံကို သုံးခဲ့ပြီး၊ နောက် စီးပွားရေးလုပ်ငန်းသုံးချေးငွေတစ်ခု ချေးတယ်။ စားသောက်ဆိုင်ကိုဝယ်၊ နာမည်ပြောင်းပြီး အစားအသောက်စာရင်းအသစ်တစ်ခုလုံး ဖန်တီးခဲ့တယ်။
YOU ARE READING
[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)