အခန်း (၂၉)

134 21 0
                                    

အာ့တ်လက်စ်

ကျွန်တော်တော့ သူမကိုဝကိုမဝဘူးဗျာ။ ဒါပေမဲ့ အဲ့ဒါကအဆင်ပြေတယ်လို့ထင်မိတယ်။ ဘာလို့လဲဆိုတော့ သူမကြည့်ရတာ ကျွန်တော့ကိုမဝနိုင်တဲ့ပုံပဲလေ။ သူမက ဒီနေ့မနက် ကျွန်တော့ပေါ်ကနေလျှောဆင်းသွားပြီး လည်ပင်းကိုနမ်းလာရင်း ကျွန်တော့နှိုးလိုက်တယ်။

စက္ကန့်ပိုင်းလောက်ကြာသွားတော့ သူမကျောနဲ့လှဲနေရပြီး ကျွန်တော့ပါးစပ်က သူမရဲ့ပေါင်ကြားရောက်သွားရင်းနဲ့ပဲ ဇာတ်သိမ်းလိုက်ရတော့တယ်။

ကျွန်တော်တို့ အချင်းချင်းအရမ်းကိုဆာလောင်နေကြတာကြောင့်ဖြစ်ချင်ဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ နေ့ရက်တွေကိုဒီလိုမျိုးရဖို့ဆိုတာရှားမှန်း ကျွန်တော်တို့ သိနေကြတာကိုး။ ဒါမှမဟုတ်လည်း ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက် နှစ်တွေအကြာကြီးလွမ်းနေခဲ့ကြရလို့ဖြစ်ချင်ဖြစ်လိမ့်မယ်။

လီလီ့အပေါ်ထားတဲ့ ကျွန်တော့ခံစားချက်တွေက ကျွန်တော်တွေ့ကြုံခံစားခဲ့ရဖူးတဲ့ ဘယ်အရာနဲ့မှမတူအောင် တိုးပွားနေကြတယ်။ အဲ့ဒါတွေက ကျွန်တော်တို့ငယ်ငယ်တုန်းက ကျွန်တော်သူမအပေါ်ထားရှိခဲ့တဲ့ခံစားချက်တွေထက်တောင် ပိုပြီးပွားများလာနေကြသေးတယ်။ အဲ့ဒါက အခုချိန်မှာ မတူတော့ဘူး__ ပိုသန်မာအားကောင်းလာတယ်၊ ပိုနက်ရှိုင်းတယ်၊ ပိုစိတ်လှုပ်ရှားဖို့ကောင်းတယ်။ အဲ့ဒီတုန်းက ကျွန်တော်လုပ်ခဲ့သလိုမျိုး အခုချိန်မှာ သူမဆီကနေ ဝေးရာကိုထွက်သွားဖို့ဘယ်နည်းနဲ့မှမရှိဘူးဗျာ။

အသက်(၁၈)နှစ်အရွယ်တုန်းက ကျွန်တော့မှာ လုံးဝကွဲပြားခြားနားတဲ့စိတ်သဘောထားမျိုးရှိနေခဲ့မှန်း ကျွန်တော်သိတယ်။ ပြီးတော့ အဲ့ဒါက ကျွန်တော်သူမနားမှာတွယ်ကပ်နေသင့်တယ်လို့ မခံစားရတဲ့အကြောင်းပြချက်နဲ အများကြီးပတ်သက်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော်က ရှိရှိသမျှအလုံးစုံပေးအပ်ဖို့ပြင်ထားပြီ။ ကျွန်တော် အဲ့ဒါကိုဖြည်းဖြည်းချင်းသွားဖို့ဆိုတဲ့စိတ်ကူးကို သေချာပေါက်မုန်းတာပေါ့။ ကျွန်တော်တို့ဘာကြောင့်အဲ့ဒီလုပ်ဖို့လိုအပ်မှန်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ကျွန်တော်အဲ့ဒါကို ကြိုက်နေစရာမှမလိုဘဲ။ ကျွန်တော်သူမကို အနားမှာနေ့တိုင်းထားချင်တယ်။ ဘာလို့လဲဆိုတော့ သူမကိုမတွေ့ရတဲ့နေ့တွေဆို ကျွန်တော်ပြည့်ပြည့်ဝဝဖြစ်မနေသလို မလွဲမသွေခံစားရလို့ပဲ။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now