အခန်း (၃၀)

132 23 0
                                    

လီလီ

အာ့တ်လက်စ်က သူ့အိပ်ခန်းတံခါးကိုနောက်ပြန်ပိတ်လိုက်တယ်။ ပြီးတော့ ကျွန်မကိုယ်ကျွန်မ သူ့ဧည့်ခန်းထဲမှာ တစ်ယောက်တည်းကျန်ခဲ့မှန်း တွေ့ရှိသွားတော့တယ်။

ကျွန်မသူတို့နှစ်ယောက်စလုံးအတွက် အရမ်းစိတ်မသက်မသာခံစားရတယ်။ အဲ့ဒါသူ့အမေပါလို့ မယုံနိုင်ဘူးရယ်။ ဒါမှမဟုတ်လည်း ကျွန်မယုံလိုက်နိုင်တာဖြစ်ချင်ဖြစ်မယ်။ သူမအကြောင်းဇာတ်လမ်းတွေကြားပြီးတဲ့နောက် သူမကိုအဲ့ဒီလောက်စိတ်ဖောက်ပြန်နေမယ်လို့တော့ စိတ်ကူးထားခဲ့ပါတယ်။ ဒါပေမဲ့ သူမပုံပန်းသွင်ပြင်ကို ကွဲပြားနေမယ်လို့မျှော်လင့်ထားခဲ့တယ် ထင်မိတာပဲ။ အာ့တ်လက်စ်နဲ့သူ့ညီတို့နှစ်ယောက်စလုံးက သူမနဲ့အရမ်းကိုတူလွန်းနေကြတယ်။ အဲ့ဒါကြောင့် အဲ့ဒီလိုအပြုအမူမျိုး အာ့တ်လက်စ်နဲ့ဆက်စပ်နေတဲ့တစ်စုံတစ်ယောက်ဆီကနေလာတယ်လို့ မြင်တွေ့ကြည့်ဖို့ရာ ခက်ခဲလိုက်တာ။ သူတို့က ဝင်ရိုးစွန်းအစွန်းနှစ်ဘက်ပဲ။

ကျွန်မဆိုဖာခုံရှည်အစွန်းမှာထိုင်လိုက်ပြီး မျက်မြင်ကြုံတွေ့လိုက်ရတာတွေအားလုံးကို ထိတ်လန့်တုန်လှုပ်မိနေတယ်။ အာ့တ်လက်စ်တစ်ယောက် အဲ့ဒီလောက်ထိခိုက်ခံစားသွားတာမျိုး တစ်ခါမှမတွေ့ဖူးခဲ့ဘူး။ ကျွန်မသူ့ကိုပွေ့ဖက်ထားဖို့သွားချင်မိတယ်။ ဒါပေမဲ့ သူတစ်ယောက်တည်းတအောင့်လောက်နေလိုက်ဖို့ လိုနေမှန်း ကျွန်မအကြွင်းမဲ့နားလည်ပါတယ်။

ဂျော့ရှ်ရောပဲ။ အဲ့ဒီသနားစရာကလေးလေး။

ကျွန်မ အာ့တ်လက်စ်ကိုနှုတ်ဆက်စကားမပြောရခင်မှာ ထွက်မသွားလိုက်ချင်ဘူး။ ဒါပေမဲ့ သူနဂိုအတိုင်းပြန်ဖြစ်လာဖို့ တအောင့်လောက်အချိန်ရသွားတဲ့အထိလည်း သူ့ကိုသွားမနှောင့်ယှက်ချင်ဘူး။ ကျွန်မမီးဖိုချောင်ဘက်လျှောက်သွားပြီး ရေခဲသေတ္တာကိုဖွင့်လိုက်တယ်။ သူတို့အတွက် မနက်စာလုပ်ဖို့ပါဝင်ပစ္စည်းတွေရှာကြည့်လိုက်တော့တယ်။

###

ကျွန်မအဲ့ဒါကို လွယ်ကူတာလေးပဲလုပ်လိုက်တယ်။ ဘာလို့လဲဆိုတော့ အဲ့ဒါက ဘယ်လိုလုပ်ရမယ်မှန်းကျွန်မတကယ်သိသမျှ အကုန်ပဲမို့လို့လေ။ ကျွန်မကြက်ဥမွှေကြော်နဲ့ ဝက်ဆားနယ်ခြောက်လုပ်ပြီး ဘီစကစ်တစ်ဗန်းစာကို အိုဗန်ထဲထည့်လိုက်တယ်။ ဘီစကစ်တွေအဆင့်သင့်ဖြစ်လောက်တဲ့အချိန်ကျတော့ ကျွန်မ ဂျော့ရှ်ရဲ့အိပ်ခန်းတံခါးကို သွားပုတ်လိုက်တယ်။ အာ့တ်လက်စ်တစ်ယောက် သူ့အခန်းထဲကထွက်လာတာကို စောင့်ရင်း အနည်းဆုံးတော့ ဂျော့ရှ်ကို တစ်ခုခုကျွေးထားလို့ရတာပေါ့။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now