အခန်း (၂၄)

124 26 0
                                    

လီလီ

ကျွန်မခေါင်းထဲ တဒုန်းဒုန်းမြည်နေတယ်။

ပြီးတော့ ကျွန်မခေါင်းအပြင်ဘက်မှာရောပဲ။

ကျွန်မမျက်နှာကိုခေါင်းအုံးပေါ်မြှောက်လိုက်တော့ မေးစေ့မှာရှိနေတဲ့ သွားရည်တွေကိုခံစားမိသွားတယ်။ အဲ့ဒါကို ခေါင်းအုံးအစွန်းနဲ့သုတ်ပစ်လိုက်တယ်။ ထထိုင်လိုက်ပြီးတဲ့နောက် ဘေးနားမှာ အာ့တ်လက်စ်က စာတိုတစ်စောင်ချန်ထားခဲ့တာကို တွေ့လိုက်ရတယ်။ ကျွန်မ အဲ့ဒါကိုဆွဲယူလိုက်တယ်။ ဒါပေမဲ့ အဲ့ဒီနောက်မှာတော့ တံခါးခေါက်သံပြန်ကြားလာရတယ်။ ဒါနဲ့ စာတိုကို နောက်မှဖတ်ဖို့ ခေါင်းအုံးအောက်ထဲထိုးထည့်ခဲ့ပြီး ဇဝေဇဝါဖြစ်နေတဲ့ဦးနှောက်ကို ဒီအခိုက်အတန့်မှာဖြစ်နေတာတွေအတွက် ကြည်လင်ပြတ်သားတဲ့နေရာလပ်ရသွားအောင် အတင်းလုပ်လိုက်တယ်။

အမ်မီက ကျွန်မအမေဆီမှာ။

ကျွန်မကတော့ ဒီ(၂)နှစ်အတွင်း အကောင်းဆုံးညပိုင်းအိပ်စက်ရတာမျိုးရခဲ့တယ်။

တစ်ယောက်ယောက်က ကျွန်မအိမ်တံခါးဝမှာရောက်နေတယ်။

ကုတင်ဘေးက စားပွဲအသေးလေးပေါ်မှာရှိနေတဲ့ ကျွန်မဖုန်းဆီလက်လှမ်းပြီး ဖုန်းမျက်နှာပြင်ပေါ်အာရုံစိုက်ဖို့ကြိုးစားလိုက်တယ်။ ကျွန်မ ရွိုင်းလ်ဆီက ဖုန်းခေါ်ထားတာတွေအများကြီး လွတ်သွားခဲ့တာပဲ။ အဲ့ဒါကြောင့် တစ်ခုခုမှားနေပြီလားလို့ ကျွန်မစိုးရိမ်စိတ်ဖြစ်သွားမိတယ်။ ဒါပေမဲ့ ကျွန်မအမေ့ဆီကရထားခဲ့တဲ့ တစ်ခုတည်းသောအရာဆိုလို့ ပြီးခဲ့တဲ့နာရီဝက်လောက်က အမ်မီမနက်စားစားနေတဲ့ဓာတ်ပုံပဲရှိတယ်။

ဟူး။ အမ်မီက အဆင်ပြေသားပဲ။ ကျွန်မ ချက်ချင်းစိတ်အေးသွားတယ်။ ဒါပေမဲ့ ကျွန်မရဲ့တံခါးပေါ်လာခေါက်နေတဲ့သူက ရွိုင်းလ်ဖြစ်လောက်တယ်ဆိုတာ သိထားတော့ သိပ်များများစားစားကြီးတော့ စိတ်အေးလက်အေးဖြစ်ခွင့်မပေးလိုက်ပါဘူး။

"ခဏနေဦး" လို့ ကျွန်မအော်လိုက်တယ်။

ကျွန်မတစ်ခုခုအမြန်ကောက်စွပ်လိုက်တယ် __တီရှပ်တစ်ထည်နဲ့ဂျင်းဘောင်းဘီပေါ့__ ပြီးတော့ သူ့ကိုအထဲပေးဝင်ဖို့တံခါးဖွင့်လိုက်တယ်။ သူက ကျွန်မကိုဘေးကဖြတ်ပြီး တိုက်ခန်းထဲဝင်သွားတယ်။ အထဲဝင်ဖို့အခေါ်မခံရဘဲနဲ့လေ။ "အားလုံးအဆင်ပြေရဲ့လား" သူ့ကြည့်ရတာ ထိတ်ထိတ်ပျာပျာဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်မအသက်ရှင်နေသေးတာတွေ့လိုက်ရလို့ စိတ်သက်သာရာလည်းရသွားတယ်။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Where stories live. Discover now