01

28.9K 819 18
                                    

1;အချစ်....

"ဖြူ"

"ဟမ်"

သံစဥ် ခေါ်လိုက်တော့ ဖြူကစာအုပ်ကိုဖတ်နေရာက ခေါင်းမော့ကြည့်လာသည် ။

"ဟင့်အင်း ဒီတိုင်းခေါ်ကြည့်တာ.."

သံစဥ်ခပ်ပြုံးပြုံး ပြန်ဖြေတော့ ပြန်ရယ်ပြတဲ့ဖြူက ဖတ်လက်စ စာအုပ်ဆီပြန်ပြီးခေါင်းစိုက်သွားသည် ။

စာဖတ်နေတဲ့ဖြူ့ကိုဘာရယ်မဟုတ်
ငေးကြည့်နေမိသည် ။

ဒီမြင်ကွင်းက သူမအတွက်တော့ အခုမှ မြင်ဖူးတဲ့အသစ်ဆန်းမျိုးတော့ မဟုတ်လည်း အဖြူရောင်ဆိုတဲ့ ကောင်မလေးနဲ့ပတ်သက်လာရင်
သူမရဲ့စိတ်ကငြီးငွေ့မသွား ။

အဖန်ဖန်အထပ်ထပ်မြင်ဖူးပြီးသားဖြစ်နေလည်း မရိုးအီသွားဘဲ ဖြူရဲ့အစိတ်အပိုင်းတွေတစ်ခုချင်းစီကို တမေ့တမော ငေးချင်နေတုန်းဆိုလျှင် အနည်းငယ်အကဲပိုဟန်ဖြစ်နေမလား ။

စာအုပ်ကိုစူးစိုက်ပြီးစျာန်၀င်စားနေသည့် ဖြူက မျက်မှောင်တွေ ခပ်တွန့်တွန့်ကုတ်ထားသလ်ို နှုတ်ခမ်းပါးနှစ်လွှာကလည်းတင်းတင်းစေ့ထားသေးသည် ။

စိတ်၀င်စားမှုအပြည့်အ၀ရှိနေသည်မို့မျက်လုံးတွေကသိသိသာသာပင် အရောင်တောက်နေလေရဲ့ ။

ဖြူနုနေသည့်အသားရည်ကို
အညိုရောင် ဂါ၀န်လွှလွှလေးက အားဖြည့်တော့ အလုံးစုံပြီးပြည့်စုံသွားသည် ။

ခန္ဓာကိုယ်သေးသေးလေးနဲ့လိုက်ဖက်စွာပင် ဆံပင်တိုတိုလုံးလုံးတွေနဲ့တင့်တယ်နေတာက နားသယ်စပ်လေးတွေအထိ ဘယ်နေရာမှ အပြစ်ဆိုဖွယ်မရှိ ။

တချို့လူတွေက ချစ်ရသူကို ပ်ိုင်ဆိုင်ချင်ကြသည်။တချို့က အချစ်ကိုပေးဆပ်ခြင်းဟုခေါင်းစဉ်တပ်သည်။
တချို့က ချစ်နေခြင်းက်ို ရယူလိုခြင်းဟု အဓိပ္ပာယ်ဖွင့်သည်။ ချစ်ခြင်းတွေကအရှုံးတွေပဲပေးသည်ဟုပြောကြသူများကလည်း မနည်း။

ဘယ်တစ်ခုကအမှန်လဲဆိုတာကို
မသိလည်း သူမကတော့ ခံစားချက်အတိုင်းသာဆက်လျှောက်ချင်သည်။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now