19

5.6K 472 29
                                    

19;ဒိတ်

"ဖြူ နင်ခေါင်းရောဖြီးလာရဲ့လား?"

ကားထဲကိုအမောတကော ၀င်လာတဲ့
ဖြူ က တံခါးကိုစောင့်ပိတ်ရင်း သံစဥ့်ကိုမျက်စောင်းထိုးကာ..

"နင်ကအစောကြီးလာခေါ်တာကိုး
အချိန်လည်းကြည့်ဦး  "

"ဆရာမက ဒီနေ့ ၈နာရီ အရောက် လာလို့မှာလိုက်တာကို "

"အခုမှ ၇နာရီပဲရှိသေးတာကို
ကျောင်းက နာရီ၀က်နဲ့ရောက်တာကို"

"ငါဒီနေ့တစ်နေရာ၀င်စရာရှိလို့
ကျောင်းရှေ့က အကြော်ပူပူလေးလည်း ၀င်စားချင်သေးတယ် "

"အေးပါ အေးပါ သဘောပါ "

"ရော့ "

လွယ်အိတ်ထဲက မှန်နဲ့ဘိီးကို ထုတ်၍
ဖြူ့ထံကမ်းပေးလိုက်သည် ။

"ကျေးဇူး.... "

လက်တစ်ဖက်မှန်ကိုကိုင်ကာ ကျန်တစ်ဖက်က ဘီးကိုကိုင်ထားပြီး ခေါင်းဖြီးရန်ပြင်နေတဲ့ ဖြူ့ဘက်ကိုကိုင်းညွှတ်၍ ထိုင်ခုံခါးပတ်ကို
ပတ်ပေးလိုက်သည် ။

"Doubleကျေးဇူး...."

ပြောင်ချော်ချော် ဖြူ့စကားကို သံစဥ်က ခွန်းတုံမပြန်ပဲ ရယ်သာပြ၍ ကားစက်နိုး၍သာထွက်ဖို့ပြင်၏ ။

"  ဖြူ  ဒီနေ့ကျူတို ရှိလား ?"

"ဟင့်အင်း မရှိဘူး ဘာလဲ နင်က
ရှိရင် စာကျက်မလို့လား?"

"မဟုတ်ပါဘူး ဖြေရမယ့်ဟာ
ဓာတ်ပုံကြိုရိုက်ထားမလို့ "

"ဟင်း ဟင်း မပြောချင်ဘူး အဲ့လိုလုပ်နေနောက်ဆုံးနှစ်ရောက်မှ တစ်နေမယ် "

"အေးဆေးပေါ့ အရင်နှစ်တွေကလည်း အောင်လာတာပဲကို"

"အေးပါ အေးပါ
ကိုယ့်ဇာတ်ကိုယ်နိုင်ရင်ပြီးရော"

"ဖြူ အရှေ့တိုက်ခန်းတွေနားရောက်ရင် ကားထဲ ခဏနေခဲ့နော် ငါမကြာဘူး"

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now