37

4.4K 395 40
                                    

37; မူးယစ်ည

ညအိပ်၀တ်စုံထဲကဖြူ‌ဖြူဖွေးဖွေး
အကောင်သေးသေးလေးကို
ဘယ်လိုမှအကြည့်လွဲလို့မရ ။

"မေးနေတဲ့ဟာကို သံစဉ်လို့....."

ဖြူ့အသံက ဘာလို့အ့လောက်ထိ
လေးနေတယ်မသိ..... အဝေးကြီးကနေ လှိုင်ခေါင်းကိုဖြတ်ပြီးလာ‌သလို
အရမ်းလှိုင်သံပေါက်ပြီး အကျယ်ကြီးကြားနေရသော်လည်း
အဟုတ် ဝေဝေဝါးဝါး

"ဘယ်လောက်တောင်သောက်လာ
တာလဲလို့ သံစဉ်ရေ ငါ့ကိုရော
မှတ်မိရဲ့လား "

မျက်နှာရှေ့မှာယမ်းပြတဲ့ဖြူ့လက်
ချောင်းတွေကရုပ်ရှင်ထဲက အနှေး
ပြခွက်ကို black and white effect
ထည့်ထားသလိုဘာလို့ခံစားနေရ
ပါလိမ့် ။

ဘာတွေဖြစ်နေတာလဲ အခုထိသေချာမသိသေး။ အကုန်လုံးးက
နှေးနှေးလေးနဲ့ ကျယ်ကျယ်လောင်လောင် မပီမသ ။ ခက်လိုက်တာ ။

မျက်နှာကျက်က နီးကပ်လာလိုက်
ခြေဖျားနဲ့ထိရာကြမ်းပြင်က
ခဏခဏနိမ့်ဆင်းသွားလိုက်
ဖြစ်နေသည့်တိုင် သူမကရော
ဘာလို့ရယ်ချင်နေရတာလဲ အရမ်း ။
စိတ်တွေကပျော်ရွှင်နေသည် ။မေမေ
ချက်တဲ့ဟင်းကြောင့်လည်းမဟုတ်
သင်္ချာရမှတ် တစ်ရာကြောင့်လည်း
မဟုတ် ။ ဘာဆိုဘာမှမရှိပဲ ပါးစပ်ကို လက်နဲ့ခဏခဏအုပ်ပြီးရယ်
နေမိသည်က အသောမသတ်နိုင် ။
ကိုယ်တိုင်လည်းဘာဖြစ်လို့
ဖြစ်နေမှန်းမသိ ။အခြေနေတွေနဲ့လည်း အချိတ်အဆက်နည်းနည်းမှ
မမိ ။

သေခါနီးလို့တော့မဟုတ်တန်ရာ
အ့လောက်ပျော်ရွှင်နေရင် နိဗ္ဗာန်
ရောက်ပေလိမ့်မည် ။ အ့တာက
သူမနေရာမဟုတ် ။ အတွေးတွေက
ဟိုရောက်ဒီရောက် ဘာတွေစဉ်းစား
နေလဲ ကိုယ်တိုင်ပင်မသိ ။

"ဘာဖြစ်နေတာလဲဟာ ထ
တကယ်ပဲ သောက်လာလိုက်တာ
ရေချိုးလိုက် အ၀တ်အစားတွေလည်း အကုန်လုံးညစ်ပတ်နေတာ "

ဖြူကသူမကိုဆွဲထူနေတာကို
နှေးနှေးလေးမြင်ရသည် ။ထို့နောက်
သူမကြမ်းပြင်ပေါ်ပုံရက်လဲကြသည်။

"သံစဉ်ရာ ထပါ ငါကူပေးမယ်
ရေချိုး အ၀တ်လဲပြီးရင်
အိပ်တော့နော် "

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now