13

5.9K 463 13
                                    

13;ရူးသွပ်စေခြင်း


"ဖြူ နင်ရေချိုးတာလည်း အကြာကြီးပဲညကြီးကို "

"အိုက်တယ်ဟ "

"အိုက်လည်းခဏပဲချိူးပေါ့ "

"မကြာပါဘူးး မြန်မြန်ချိုးတာပဲကို
ဘယ်ကတည်းက ရောက်နေတာလဲ နင်က"

"ကြာပြီကော ဒီမှာ နင့်မုန့်တောင်
ကုန်တော့မယ်  ဟီး..."

"နောက်ကျ အခန်းတံခါးကို လော့ချထားမှ ဖြစ်တော့မယ် "

"ချပေါ့ အန်တီ့ဆီက သော့တောင်းပြီး၀င်မှာ "

"မေမေ့ကိုမပေးနဲ့လို့ ပြောထားမှာ "

"အမယ် အခုတောင်မှ ငါလာတော့ 
နင်ရေချိုးမယ်ပြောပြီး အခုလေးတင် အပေါ်တတ်သွားတာတဲ့ လိုက်သွားလိုက်တဲ့ လော့ချထားရင် အော်လ်ိုက် အန်တီသော့လာပေးမယ်တဲ့ "

"အဲ့ကျ မုန့်တွေဖွက်ထားမှာ "

"ဖွက်ပေါ့ ငါက ရှာမတွေ့မှာကျလို့"

"ဟွန့်  "

"နင်ညနေက အိမ်လာသေးတယ်ဆို
အဲ့တာငါ့ကိုရှာသေးတယ်ဆိုလို့ "

"မုန့်ဟင်းခါးလာပို့ရင်းနဲ့လေ....
ဒါနဲ့နေပါဦး နင်ကလည်းနော် အမြဲအိမ်မှာကိုမရှိဘူး ဘာတွေလုပ်နေတာလဲ လျှိုထားတယ်"

"ဘာလုပ်ရမှာလဲ ငါကဒီတိုင်း
သူငယ်ချင်းအိမ်သွားတာပါ  နင်ကလည်း"

"သူငယ်ချင်းအိမ်ကလည်း နေ့တိုင်းပဲ ။ငါ့အိမ်ကျနေ့တိုင်းမလာပဲနဲ့ "

"နင်ကလည်း နေ့တိုင်းမဟုတ်ပါဘူး
အာဒါနဲ့ နင်တောင် Facebookတွေ
ဘာတွေသုံးလို့"

ဒီထက်မေးလာလျှင်အကုန်ပေါ်သွားနိုင်သည်မို့ စကားလမ်းကြောင်းအမြန်လွှဲလိုက်ရသည် ။

"အဲ့ကိစ္စပဲ ငါနင့်ကိုရှာတာ"

"အမ်?"

ဖြူက ဖုန်းကိုကမ်းပေးရင်း

"အဲ့မှာငါညနေက၀င်လိုက်တော့
ပြန်ထွက်သွားပြီး passwordတောင်းနေတယ်"

"ထည့်လိုက်လေ အဲ့တာနင်မသုံးတာ
ကြာလို့ဖြစ်တာ "

"နင်ဖွင့်ပေးထားတာလေ
ငါမှ မသိတာကို "

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now