47

3.5K 373 29
                                    

47; အဖြေ


ဒေါသတကြီးစားပွဲကိုထုရိုက်မိလိုက်ပြီးမှ ဘေးကဝိုင်းကလူတွေရဲ့အကြည့်တွေအကုန်လုံး သူမဆီ
စုပြုံရောက်လာတော့ စိတ်လျော့ကာအသံကိုနှိမ့်ချလိုက်သည်။

"မဟုတ်ဘူးလေ သဇင်
ငါပြောတာက ရှင်းရှင်းလေး
အဲ့တစ်‌ယောက်ကလင်းမြတ်ပဲဆို ။"

"လင်းမြတ်ဆိုပေမဲ့ အဲ့အချိန်မှာ
သူ့စိတ်ကလင်းမြတ်မဟုတ်နေဘူး"

"ဘာတွေလဲဟာ "

"DIDတဲ့ သူကအဲ့တာဖြစ်နေတာ"

"ဟမ် "

"အရင်တုန်းကတော့MPDလို့ခေါ်တယ်။ အဲ့တာက လူတစ်ယောက်တည်းကို personalityက အမျိုးမျိုးကွဲ
နေတာ လင်းမြတ်မှာက နှစ်မျိုး ရှိတယ် ပထမတစ်မျိုးက ငါတို့သိတဲ့လင်းမြတ် နောက်တစ်မျိုးက
လင်းထက် "

"အဲ့တာဆို သူဘယ်လိုနေလဲ "

"သူဆေးသောက်နေရတယ် သံစဉ် "

"ဘယ်တုန်းကစဖြစ်တာလဲ"

"အဲ့တာကိုဖြစ်စေတာက တော်တော်များက ငယ်ငယ်တုန်းက အိမ်တွင်း
အကြမ်းဖက်မှုခံခဲ့ရလို့တဲ့ "

"အင်း ဘယ်လိုလဲ သူ့ဘာသူ
နာမည်အသစ်ပေးလိုက်တာလား
တခြားပုံစံတစ်မျိုးနဲ့နေပြီးတော့"

"အဲ့လိုမဟုတ်ဘူး။ လင်းမြတ်မှာ
အကိုတစ်ယောက်ရှိတယ်
လင်းထက်တဲ့ သူတို့ကအမွှာတွေ။
လင်းမြတ်ကနင်မြင်တဲ့အတိုင်း
အရမ်းအေးတယ်မလား "

"အင်း အဲ့တာနဲ့"

"သူ့အကိုကတော့ သူနဲ့မတူဘူး "

"အာ ညဈေးက
တစ်ယောက်က ? "

"အင်း ဟုတ်တယ် နင်လည်းမြင်ပါတယ် သူ့ပုံစံကို ။ ငယ်ငယ်တုန်းက သူတို့ညီအကိုနှစ်ယောက်က ပထွေးဒဏ်ကိုတော်တော်ခံခဲ့ရတာ အဲ့တုန်းက လင်းမြတ်ကို လင်းထက်က အမြဲ
ကာကွယ်ပေးတယ် ။ငယ်ငယ်ကတည်းကကွာ ကျောင်းမှာ အနိုင်ကျင့်ခံရတာတို့ အကုန်လုံး
သူ့အကိုက အမြဲရှိနေပေးခဲ့တာ
ပြောရရင်လင်းမြတ်က အရမ်း
အားနည်းတယ် "

"အင်း "

"လင်းထက်သေသွားတယ် "

"အမ် "

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now