49

3.5K 384 32
                                    

49;အချစ်ပျောက်ရှာပုံတော်

တစ်ကိုယ်လုံးကဟိုနားလိုလို ဒီနားလိုလို ယားယံနေသည်မို့ ပြန်အိပ်ဖို့ ကြိုးစားလည်း အချည်းနှီးပင်။ လူ တစ်ယောက်ထိုင်စာ ခုံလေးက အိမ်က အိပ်ယာလိုမျိုး သက်တောင့်သက်သာရှိမနေဘူးလေ ။ကျိန်းစက်‌ နေတဲ့ မျက်လုံးတွေကိုဖြဲရဲကာ အင်္ကျီလက်ကိုပင့်ကြည့်လိုက်သည်။
အား ပါး ပါး အဖုတွေက အပြင်လိုက်။

နဂိုကမှ အလွမ်းဒဏ်ကို အလူးအလဲ ခံနေရသည့် အထဲ အယ်ကိုဟော ဘယ်လောက်၀င်၀င် မမှုခဲ့သည့် ခန္ဓာကိုယ်ကပါ အလာဂျီ အဖုများနဲ့သစ္စာဖောက်လေပြီမို့ စိတ်တိုတိုနဲ့
ကုတ်ဖဲ့နေမိသည့်သူမကို ခုံကပ်ရပ် ဘေးကလူကလည်း ရောဂါတစ်ခုခု ဖြစ်နေသလိုလို အနူဝဲစွဲလို့ထင်ကာ ရွံရှာသလိုလိုနဲ့ကြည့်နေပြီ ။

သက်ပြင်းကိုဖွဖွချကာ ဖြူရှိရာ
မြေပေါ်ကိုမြန်မြန်ခြေချနိုင်ဖို့သာ
ဆုတောင်းနေရသည် ။သူမပုံစံက ကလေကချေဟုထင်လည်း ထင်တော့ ထင်ချင်စရာပင် ။ နှစ်ရက် ဆက်တိုက်မူးရူးထားတာဖို့ လူက
အရက်နံ့တထောင်းထောင်း မဖြီးသင် ဖြစ်တဲ့ဆံနွယ်တွေက ရှုပ်ပွနေတာများမြင်လို့ပင်မကောင်း မျက်နှာ ကလည်းအဆီတချို့ပြန်နေသေးသည်လေ ။

ဘယ်လိုပဲဆိုဆို ဒီပုံစံနဲ့ပဲဖြစ်ဖြစ် အသက်ရှင်နေသေးသည်က ကံကောင်းသည်ဟုဆိုရမည်။ အိမ်ပြန်ရောက်တဲ့နေ့က စ၍ သူမ ပါတီ တတ်သည်။ဘားတွေသွားသည်။
သောက်လိုက်တဲ့အရက်တွေက အန်ဖတ်ဆို့ပြီးမသေရုံတမယ်။

အသက်ရှင်ချင်မနေခဲ့သည်ကလည်း အမှန်ပင်။ နှစ်ရက်ဆက်တိုက်ထိုသို့လေလွှင့်ပြီးသည့် ထိုနေ့ကလည်း သူမ မူးရူးနေခဲ့သည်။ဘယ်အချိန်မှာ ကားလက်မှတ်ဖြတ်ကာ ဘယ်က ဘယ်လိုဖြစ်‌သည်ကို ရှင်းရှင်း
လင်းလင်း မမှတ်မိဘဲ သူမ သိလိုက်တဲ့အချိန်မှာ မြစ်ကြီးနားကိုသွားမဲ့ကားပေါ်ကိုရောက်နေပြီးဖြစ်သည် ။

အနည်းဆုံးတော့ ရင်ဆိုင်ကာ ဖြူ့ကို တောင်းပန်ရမည်။ ပြန်ခေါ်လာရမည်။ ဖြူမရှိဘဲ နည်းနည်းမှမပျော် နိုင်တာ သေချာသည်။ဒီနှစ်ပိုင်း အတွင်းမှာ ဖြူနဲ့သူမရဲ့ပတ်သက်မှုက နည်းနည်းနောနောမှ မဟုတ်ပဲ ထိုအချိန်တွေအားလုံးကိုတော့ ဖြူက
ဒီတိုင်း လွှင့်မပစ်လောက်ဘူးဟု
ယုံချင်သည်။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now