36;အပေးအယူ
ညရဲ့အလင်းရောင်ကမှိန်ပြပြ
မှိတ်တုတ်မှိတ်တုတ်နဲ့ကြယ်စုတို့ရဲ့
အလင်းရောင်က သူမကို အကဲပို
ရန်ကောဟူ၍ လောင်နေသလို ။ညသန်းခေါင်းယံလောက်ဖြစ်၍
လက်ဆက်နေသည့်လေအေးတို့က
ခန္ဓာကိုယ်ကိုဖြတ်တိုက်သွားတဲ့အခါ
လန်းဆန်းလတ်ဆက်စေသလောက်
လက်ချောင်းတွေဆီလျှင် ထုံကျင်
ကိုက်ခဲနာကိုနှစ်ဆတိုးစေသည် ။"ကျွတ်စ် သေမလို့ အ့လောက်
နာနေတာလား "တစ်ယောက်တည်းငြီးတွားရင်း
စိတ်ပျက်လက်ပျက်ညာဘက်လက်ဖဝါးကိုခါချနေသော်လည်း
နာကျင်မှုတို့ကပျောက်မသွားသည့်
အပြင်ပိုလို့တောင်တိုးလာသေး။တော်သေးသည်ကား ယခုဒီ
အပေါ်ဆူံးထပ်ဟင်းလင်းပြင်တွင်
ဘယ်သူမှရှိမနေ ။ မဟုတ်ပါက
တစ်ယောက်တည်းစကားပြော
တစ်ယောက်တည်းဒေါသထွက်
နေတဲ့သူ့ပုံစံက တော်တော်ကြီးကို
ရယ်စရာကောင်းနေလိမ့်မယ် ။လက်ကိုမျက်စိရှေ့နားမြင်ရအောင်
မြောက်ပြီး လက်ဖမိုးတွေကိုကြည့်
မိသည် ။ ပွန်းရာတွေက သွေးစို့
နေသည် ပေကျံနေသည့်သွေးစ
တွေကတော့ မင်းထက်ဆီမှ ဖြစ်မည် သူမလက်ဆေးသင့်သည်။လရောင်အောက်မှာသူမလက်ဖမိုးတွေက
လိုတာထက်ပိုအကျည်းတန်နေသည်။ဒီနေရာမှာတစ်ယောက်တည်းရှိနေတာ အချိန်မည်မျှကြာသွားသည်ပင်
မသိ သူမအသိစိတ်တွေကအဖြစ်
ပျက်တွေကိုအခုထိမှန်မှန်ကန်ကန်စီစီရီရီ တင်ပြလာခြင်းမရှိ ။သူမကမင်းထက်ကိုမညာမတာ
ရိုက်နက်နေခဲ့ပြီး ၀င်ဆွဲတဲ့လူတွေက
၀ရုန်းသုန်းကား ပြီးတော့ရော ။ပြီးတော့ ။
ပြီးတော့ သူမအခုရပ်နေတဲ့နေရာမှာ
သူမကိုသူမပြန်တွေ့လိုက်ရခြင်းပင်။ရပ်နေရာကနေ အိမ်ထဲကိုပြန်၀င်
လာပြီးဟိုကြည့်ဒီကြည့်လုပ်တာနဲ့
သိပ်မရှာလိုက်ရတဲ့သန့်စင်ခန်းထဲ
၀င်သွားမှပဲသတိထားမိသည်က
မှန်ထဲကကိုယ့်ပုံရိပ်က မှတ်မိချင်
စရာပင်မကောင်း ။
YOU ARE READING
တိမ်လွှာဖြူ တိမ္လႊာျဖဴ
Romanceတိမ်လုံးလေးကိုမှ ထွေးပွေ့မြတ်နိုးချင်မိပါသတဲ့ ~ တိမ်လုံးလေးကိုမှ ထွေးပွေ့မြတ်နိုးချင်မိပါသတဲ့ ~ Fic cover - AL_LUKAR