09

6K 494 13
                                    

9;အတူတူ

"ဖြူ အိမ်လိုက်ခဲ့ဦး
ငါနင့်ကို ပြစရာရှိတယ် "

"ဘာပြမလို့လဲ ဒီမှာပြလေ"

"နင် ကလည်း လိုက်ခဲ့ပါဆို "

ကုတင်ပေါ်တွင် ၀တ္ထုတစ်အုပ်နဲ့နပ်နေသော ဖြူ့ကို သံစဥ်က ဇွတ်ဆွဲခေါ်သည် ။

"ဒီနေ့ရာသီဥတုက အုံ့အုံ့လေးမို့လို့
ငါ စာအုပ်လေး ဖတ်ပြီးတော့ နပ်နေတာကို"

"အဲ့စာအုပ်တွေက နင့်အပိုင်တွေကိုပဲ
ဘယ်ချိန်ဖတ်ဖတ်ရတာပဲ"

"နင့်ပြစရာရှိတယ်ဆိုလည်း
ငါ့အိမ်လာကတည်းက
တစ်ခါတည်းယူခဲ့လိုက်ရင် ရတာကို"

"ယူခဲ့လို့မရလို့ပေါ့ "

"ဟုတ်ပီ "

စိတ်တွေမရှည်တော့တာကြောင့်
ဘဲနှုတ်သီး လုပ်နေသော ပုစိကွေးကို
လက်ကောက်၀တ်ကနေသာဆွဲပြီး
ခေါ်ခဲ့တော့သည် ။

ဟိုဘက်ခြံကနေ ဒီဘက်ခြံက်ိုသွက်သွက်ကူး၍ လက်ကိုဆွဲကာအိမ်ထဲထိ ခေါ်လာလိုက်သည် ။

"ဒန် ဒန် "

သံစဥ်လက်ထဲတွင်တော့
သုံးလက်မခွဲလောက်သာ
ရှိသော ID ကဒ်လို အပြားလေး..

"အဲ့တာပြမလို့လား"

"ဒါဘာလဲ သိလား"

"ကဒ်လေ "

"ဘာ ကဒ်လဲ သိလားလို့"

"ဟဲ့ နင့်လက်က ဂဏှာမှမငြိမ်တာ
လှုပ်ရမ်းပြီးပြနေတာ ဘယ်လို့လို မြင်ရမှာလဲ "

ပြောရင်းဆိုရင်း သံစဥ်လက်ထဲကကဒ်အသစ်စက်စက်လေးကို ဖြူ ဆွဲယူလိုက်သည် ။

"၀ိုး ဆိုင်ကယ်လိုင်စင်"

"ဟင်းဟင်း ဒါပဲလေ "

"ဒီကဒ်လေးကိုပြမယ်ဆိုလည်း
ငါ့အိမ်ကိုလာကတည်းက တခါတည်း လက်လေးနဲ့ သယ်ခဲ့လို့ရတယ် အရူးမရဲ့"

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now