50

3.6K 413 34
                                    

50; တစ်ခုတည်းသောလမ်း

"အဲ့တာဆို နင်က ငါမလိုက်လာရင်လည်း ပြန်လာမှာပေါ့ "

"အင်း အဲ့လိုဖြစ်မယ်ထင်တယ်
ငါက နင်မရှိပဲ ဘယ်နှရက်လောက် နေနိုင်မယ် ထင်လို့လဲ "

"မသိဘူး ။အမှန်တိုင်းပြောရရင် အဲ့လိုကြီးစောင့်မနေနိုင်ဘူး။ နင်မရှိတဲ့ ရက်တွေက တကယ် ငရဲပဲ ။ပြီးတော့ အဲ့လိုယုံကြည်ချက်ကြီးနဲ့ နင်ပြန်လာမလား မလာမလား မသိဘဲ မစွန့်စားရဲပါဘူးဟာ ။ငါတတ်နိုင်တာ ဘာပဲဖြစ်ဖြစ်လုပ်ကြည့်ရမှာပဲလေ။နင်မရှိပဲမှ မနေနိုင်တာ ။လိုက်လာတာပဲဖြစ်ဖြစ် သေပစ်တာဖြစ်ဖြစ် တစ်ခုခုတော့ လုပ်ရတော့မှာ"

"ဟဲ့ မပြောကောင်း မဆိုကောင်း
ဖတ် ဖတ်"

သံစဉ်ရဲ့နောက်ဆုံးစကားကြောင့်
ဖြူက ပုခုံးကိုလှမ်းထုသည် ။

"ဘာမှမဖြစ်ပါဘူး ပြောလည်း ။
ငါအခုနင့်အရှေ့မှာအရှင် လတ်လတ်ကြီး ရှိနေသေးတာပဲကို"

"ဒါပေမဲ့လည်း မပြောနဲ့
မကြိုက်ဘူးလို့ "

"အင်း ။ ခုနနင်မေးတာကို ပြန် ဖြေကြည့်လေ နင်ငါမရှိပဲနဲ့ ဘယ်နှရက်လောက်နေနိုင်လဲ "

"ငါလည်းမသိဘူး။"

"....."

"ဒါပေမဲ့ "

"....."

"အကြာကြီးတော့ မဟုတ်ဘူး။
အရမ်းခံစားရခက်တယ် အဲ့တာက။ ငါအိပ်ယာ ထလာရင်ပဲဖြစ်ဖြစ် ။ မနက်စာစားရင်ပဲ ဖြစ်ဖြစ်။ ရုပ်ရှင် ကြည့်ဖို့ကြိုးစားရင်ပဲဖြစ်ဖြစ်။ နင်က မရှိနေဘူးလေ ။အ့တာတွေအကုန်လုံးထက် အဆိုးဆုံးက ငါ့မှာညကြီးအိပ်မက်ဆိုးတွေမက်ပြီး နိုးလာရင်တောင် 'သံစဉ်'ဆိုပြီး တစ်ချက် ခေါ်လိုက်တာနဲ့ ငါ့ကိုရင်ခွင်ထဲ ထည့်ထားပေးမဲ့လူ မရှိဘူး။ ဒီရက်ပိုင်း တွေမှာ ငါညဘက်ဆို မအိပ်ရဲဘူး ။ကြောက်ဖို့ကောင်းတာတွေ အိပ်မက်ထဲရောက်လာမှာစိုးလို့"

"ငါရောက်လာပြီပဲ အခု "

"အင်း ။ နင်လိုက်မခေါ်ဘဲ ငါဒီတိုင်း ကိုယ့်ဘာသာပြန်လာရရင် နည်းနည်းတော့ ကြောင်တောင်တောင် နိုင်နေမှာပဲ‌မလား "

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now