10

5.9K 497 19
                                    

10;ပြည့်စုံလွန်း

ဟား ဟား ဟား

ကျုံးဘေးနား အုတ်ခုံဘောင်ပေါ်တွင်
ထိုင်နေသော ဆယ်ကျော်သက်ကောင်မလေး နှစ်ယောက်ဆီမှ ရယ်သံတွေအဆက်မပျက်ထွက်လာနေသည် ။

လက်ထဲတွင်ကိုင်ထားသော ရေခဲမုန့်တို့ ထည့်ထားသည့် အုန်းသီးခြမ်းကို ကြည့်လိုက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်နဲ့
ရယ်နေသိသည်မှာ အသောသတ်နိုင်မည့်ဟန် မပေါ်  ။

"ဇွတ်ရယ်မနေနဲ့တော့ လူတွေကြည့်ကုန်ပြီ"

"နင်က ပ်ိုဆိုးတာ ဖြူ  ဟား ဟား ဟား "

"အဟမ်း ....ဟမ်း ......ဟား ဟား ဟား "

မရပ်မနားရယ်နေမိသည်ကို ချောင်းဟန့်ကာ ဖြေဖျောက်ရန် ကြိုးစားသော်လည်း အချည်းနှီး ။

"ကဲပါ စားပါ..."

ဖြူက စားပါလို့ပြောတော့ လက်ထဲကရေခဲမုန့် ကိုတစ်ခေါက်ထပ်ကြည့်မိပြီး နှစ်ယောက်သား နောက်တစ်ဖန် ခွက်ထိုးခွက်လှန်ရယ်နေမိပြန်သည်။

ရယ်လည်းရယ်ချင်စရာပင်။ ဆီကုန်ခံကာ အ‌ဝေးကြီး လာစားရသော ရေခဲမုန့်သည် သူတို့ကြည့်ပြီးလာခဲ့သောfbတွင်တင်ထားသည့် ပုံများထဲမှ အပြင်အဆင်နှင့်လားလားမှ မဆိုင် ။

ပုံထဲတွင် တွေ့ခဲ့ရသော အုန်းသီးဂျယ်လီအဖတ်အကြီးကြီးတွေက ဘယ်နေသည်မသိ ။

အပြင်မှာတော့ရေခဲမုန့်ပေါ်တွင် ဖြူးထားသော အုန်းသီးခြစ် မျှင်မျှင်လေးများက သူတို့နှစ်ယောက်ကို လှောင်ရယ်နေသယောင် ။

အထဲကရေခဲမုန့်သည်လည်း မန္တလေးမြို့ လမ်းထိပ်တိုင်းလိုလိုတွင် ရှိတတ်သော ယိုးဒယားရေခဲမုန့်ကို ခပ်ထည့်ထားခြင်းသာဖြစ်သည် ။

ရေခဲမုန့်ပေါ်တွင်တော့ ရွှေရင်အေး ထဲတွင် ပါတတ်သော ရောင်စုံကျောက်ကျောကို အတွန့်တွန့်လေးတွေဖြစ်အောင် လှီးထားသည်တို့က ဟ်ိုတစ်စ ဒီတစ် စ ။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now