21

5.7K 504 37
                                    

21;ရင်ခုန်သံတေးသွား

"သမီးလေး ဘာလိုလို့လဲ?
ထမင်းစားမလို့လား "

"အမ် ဟုတ်ဘူးး ဒီတိုင်းပဲ.....
ဗိုက်မဆာသေးဘူး မေကြီး ...."

"အေး အေး ဆာရင် ပြောနော် "

"ဟုတ် ...."

ယောင်ချာချာနဲ့မီးဖိုခန်းထဲက ပြန်ထွက်လာကာ အိမ်အပေါ်ထပ်သို့ပြန်တက်ခဲ့သည် ။

ကုတင်ပေါ်မှာလှဲသည် ။ ဖုန်းသုံးသည် ။ ပြန်ထသည် ။ ၀ရံတာကိုထွက်သည် ။

အခန်းထဲပြန်၀င်လာသည် ။ သက်ပြင်းတွေ အကြိမ်ကြိမ်ချသည် ။ လက်သည်းတွေက်ို က်ိုက်သည် ။ ကုတင်ပေါ်ပြန်လှဲသည် ။

"ကျွတ်စ်.."

ကုတင်ပေါ်ကပြန်ထသည်။ အောက်ထပ်ကို ပြန်ဆင်းသည် ။ ဧည့်ခန်းထဲမှာ ဟ်ိုသွားလိုက် ဒီသွားလိုက်လုပ်သည် ။ တိုင်မှာချိတ်ထားသော
နာရီကိုခဏခဏ ကြည့်သည် ။

"သံစဥ် ဗိုက်ဆာလို့ ဆင်းလာတာလား ? ထမင်းခူးလိုက်ရမလား ?"

"ရှင်...အမ် ဟုတ်ဘူးမေကြီး
ဆာသေးဘူး"

"သမီးဘာဖြစ်နေတာလဲ ?
ခုနကတည်းက ဂဏှာမငြိမ်ဘူး"

"ဘာမှဖြစ်ပါဘူး....ဟီး...."

မေကြီးက ထပ်၍ မေးလားမြန်းလားလုပ်မည် စိုး၍ အပေါ်ထပ်သို့ပြန်တက်ခဲ့သည် ။

ဘာnotiမှ ရှိမနေသော ဖုန်းကိုကြည့်၍ လေပူတစ်ချက် မှုတ်ထုတ်သည် ။ အခန်းပြင်ပြန်ထွက်လာသည် ။ လက်ဖ၀ါးအချင်းချင်း စိတ်မငြိမ်စွာ ပွတ်တိုက်ရင်း ဟိုဟိုဒီဒီ လမ်း‌လျှောက်သည် ။နာရီက ညရှစ်နာရီကိုညွှန်ပြနေသည် ။ လေတိုးသံတို့က ခပ်သဲ့သဲ့ ။ ထိုအခိုက်အခန်းထဲက ဖုန်းမြည်သံ ကြားသောကြောင့် ပြေးကာ ကိုင်လိုက်သော်လည်း ။mptမှလာသောဖုန်းဖြစ်နေသောကြောင့် တောက် တစ်ချက်ခေါက်ရင်း ဖုန်းကို ခုံပြန်ပစ်ချလိုက်သည် ။

"ကျွတ်စ် ....တောက်"

နောက်တစ်ကြိမ်ပြန်၀င်လာသောဖုန်းနဲ့အတူ ဖုန်းစကရင်မှာ ပေါ်နေသော 'PHYU 'ဆိုသည့်နာမည်ကိုတွေ့တော့ စိတ်လှုပ်ရှားစွာ ကိုင်လိုက်သည် ။

တိမ်လွှာဖြူ တိမ္လႊာျဖဴOnde as histórias ganham vida. Descobre agora