53

3.6K 375 23
                                    

53;နေ့စဉ်ဘ၀

"ဒီနေ့ရာသီဥတုက တကယ်
လှတာပဲ တောက်ပနေတာ ။"

"တောက်ပနေတာ မဟုတ်ဘူး
နေပူနေတာ။အထဲ၀င်ပါ သံစဉ်ရဲ့
မပူဘူးလား  "

ဖြူ့စကားအဆုံး ရှေ့မျက်နှာစာ
၀ရံတာကနေ အမိုးအောက်ကို
၀င်လာတဲ့သံစဉ့်ကို ဖြူကအကောင်း ပြောမလို့ရှိသေး ဖုန်းကိုကောက်ယူပြီး ပြန်ထွက်သွားတာကြောင့် လက်ထဲက စာအုပ်ကိုစောင့်ချကာ မျက်စောင်းလှမ်းထိုးသည်။ သံစဉ်ကတော့ ရယ်နေသည် ။

"ဖြူကလည်း တကယ်လှလို့ပါ "

ပြောရင်းနဲ့ဖုန်းကိုကောင်းကင်ပြာဆီ
ဦးတည်ကာ တစ်ပုံပြီးတစ်ပုံ အချိုးမျိုးစုံ ဦးတည်ချက်မျိုးစုံနဲ့ရိုက်နေတော့သည် ။ရိုက်ပြီးတဲ့ ပုံတွေကို ပြန်ကြည့်ကာ ပြုံးလိုက် ခေါင်းယမ်းကာ ဖျက်ပစ်လိုက် ထပ်ရိုက်လိုက်နဲ့
အတန်ကြာအလုပ်ရှုပ်နေ‌တဲ့ သံစဉ့်ကို ဖြူက စာအုပ်တောင်မဖတ်တော့ဘဲနဲ့ငေးနေသည် ။

နောက်ဆုံး‌မှာတော့ တော်တော်လေး
စိတ်တိုင်းကျသွားပုံရတဲ့သံစဉ်က ဖြူ့အနားကိုရောက်လာတော့သည်။

"ကြည့်ဦးအပူခံပြီးတော့ မမြင်ဖူးတာလည်းမဟုတ်ပဲနဲ့ ။ကိုယ့်ကိုကိုလည်းပြန်ကြည့်ဦး ။နေဒဏ်နဲ့ မျက်နှာတွေက နီရဲ‌တတ်‌လာနေပြီ ။"

"မြင်ဖူးပေမဲ့ အရမ်းလှတာကိုး
ဘယ်လိုလုပ် လျှစ်လျှုရှုနိုင်မှာလဲ ။
ပြီးတော့ ငါ နင်နဲ့ပုံရိုက်လာတယ် ။"

မဖြစ်နိုင်တာ ဆိုသည့်သဘောနဲ့ ဖြူက သံစဉ့်ကို စောင်းပြီးကြည့်သည်။ နေပူထဲ ဓာတ်ပုံသွားရိုက်နေသည်က သံစဉ်တစ်ယောက်တည်းလေ ။

"ဒီမှာကြည့် နင်နဲ့ငါ ။"

လက်ချောင်းတွေကိုမြောက်ထားရင်း ကောင်းကင်နောက်ခံနဲ့ပုံကို သံစဉ်က ဖြူ့ကိုပြသည် ။

"နင့်ပုံပဲကို ။နင့်ပုံတောင်မဟုတ်ဘူး
နင့်လက်ပုံကြီးလေ အဲ့တာ။ "

"ငါ့လက်ပုံလေးပါ နင်ကလည်း
အဲ့လောက်လှတဲ့ လက်ချောင်း
လေးတွေကို ကြည့် ။"

ပြောင်စပ်စပ်နဲ့ပြောရင်း မျက်နှာရှေ့
လက်ချောင်းတွေကို ဝဲပြနေတာကြောင့် ဖြူက သံစဉ့်လက်ချောင်းတွေကို ဖွဖွရိုက်ချသည် ။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now