08

6.3K 525 15
                                    

8;ကိုယ်စား

ပြတင်းပေါက်ကနေ ကျလာတဲ့နေရောင်စူးစူးကို ဥပက္ခာပြ၍ မျက်လုံးတွေမဖွင့်ပဲ  တစ်ဖက်သို့
လှည့်ကာ ထပ်အိပ်ဖို့ကြိုးစားသည် ။

နေက နောက်ကျောကိုထိုးတော့
ခန္ဓာကိုယ်ထဲက မိတ်ဖု တို့က ဟိုနားကလိုလို ဒီနားကလိုလို ယားကျိကျိ ။

ဖိပိတ်ထားသော မျက်ခွံများကတော့
ဖွင့်ဖို့အစီစဥ်မရှိသလို ထပ်အိပ်ရဖို့သာ အားသန်နေသည့် လူတစ်ယောက်ကုတင်ပေါ်တွင် လူးလူးလိမ့်လိမ့် ။

မနက်ခင်းနေရောင်ကလည်း အလျော့ပေးဖို့ အစီစဥ်ရှိရန်မတူ အစွမ်းကုန် တောက်ပလျက် ။

အလူးလူးအလိမ့်လိမ့်နေရင်းကပင်
အိပ်ရာဘေးရှိ ခုံပေါ်ကိုလက်လှမ်းလိုက်သည်ကအဲကွန်းရီမု ကိုရည်ရွယ်၍ ။

ဟိုစမ်းဒီစမ်းလုပ်နေတုန်း လက်ထဲကိုကျကျနန ရီမုကိုထည့်ပေးသည့် လက်တစ်စုံ။

ဟင် အခန်းထဲကို ဘယ်သူရောက်နေတာလဲ

ကျောက်တုံအကြီးကြီးတွေ ဖိထားသလို လေးလံနေသည့် မျက်ခွံတွေကိုဖွင့်ဖို့တော်တော်ကြိုးစားယူလိုက်ရသည် ။

သူမရှေ့မှာအလွန်နီးကပ်စွာ ရှိနေသည့် မျက်နှာတစ်ခု ။ မျက်လုံးဖွင့်ဖွင့်ချင်းမို့မျက်စိရှေ့က မြင်ကွင်းက ၀ါးတားတား။ မျက်လုံးတွေကိုလက်ခုံနဲ့ပွတ်ကာ တစ်ဖန်ပြန်ကြည့်မိခိုက် ...

အဖြူရောင် ....။

လူက အလိုအလျှောက်ဆက်ကနဲ့
ထထိုင်မိတော့ နဖူးအချင်းချင်းက ဂွက်ကနဲ့ ။

ဟာ..သေရော

နဖူးချင်းတိုက်မိကာ နှစ်ယောက်လုံး
အီစလံဝေသွားသလို ဖြူ က ကုတင်ဘေးကနေအနောက်ကိုယိုင်တိယိုင်တိုင်ဆုတ်တော့ ။

စိုးရိမ်သည့်စိတ်က လှုံ့ဆော်သောကြောင့် ကမန်းကတန်း ထပြီး ဖြူ့ထံပြေးကာမှ ။ကုတင်ပေါ်က ဆင်းဆင်းချင်း သံစဥ့်ခဗျာ ကြမ်းပြင်ပေါ်ကို ဘုတ်ကနဲ့ ခွေခေါက်ကျသည်။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now