52

3.5K 374 30
                                    

52;ကံကောင်းမှု

"ငါတို့တူတူရေစိမ်‌နေလို့ရတာပဲ
ဒီအိမ်က ရေချိုးဇလုံက
အကြီးကြီးလေ ။"

ဖြူ့စကားအဆုံးမှာခွန်းတုံ့ပြန်ဖို့
စကားလုံးရှာမရတဲ့ သံစဉ်က ပါးစပ်
အဟောင်းသားနဲ့ ငြိမ်နေခဲ့သည်။
သူကဘာလုပ်ရှားမှုမှမရှိပဲ အသက်ပဲ ရှုနေပြီးတော့ စက္ကန့်အတော်ကြာကို
ဆွံ့အနေခဲ့တာ ။

သူမ ကြားလိုက်တဲ့စကားကို ပြန်စဉ်းစားသည်။ခွဲခြမ်းစိတ်ဖြာသည်။
အခြားဆိုလိုရင်း တစ်ခုကိုမှ ဘယ်လိုရှာရှာမတွေ့။ ဖြူ့စကားမှာ
အဓိပ္ပါယ်တစ်ခုပဲရှိတယ် ။ အဲ့တာက
သူမတို့က ဒီအိမ်မှာရှိတဲ့ အခန်းသုံးခန်းထဲက တစ်ခန်းဖြစ်တဲ့ရေချိုးခန်း ထဲမှာ ။အဲ့ထဲမှာမှ ရေချိုးဇလုံထဲမှာ
အတူတူရှိနေကြမှာ ။

မဟုတ်သေးဘူး။သူမတို့က တစ်အိမ်ထဲမှာ အခန်းတစ်ခုထဲမှာ နှစ်တွေ
အများကြီးအတူတူရှိဖူးတာနဲ့။ ရေချိုးခန်းထဲက ရေချိုးကန်ထဲမှာ
အတူတူရှိနေမဲ့ကိစ္စကမတူဘူးမလား။ ဥပမာအနေနဲ့ဆို သူမတို့
ခန္ဓာကိုယ်တွေက ဘာအ၀တ်မှရှိ
မနေမှာမျိုးပေါ့ ။

"ငါရေဖောက်ချထားလိုက်မယ်
လိုက်လာခဲ့လိုက်။ "

ဖြူ သူမဘေး လှဲနေရာက ထသွားပြီး အတန်ကြာတဲ့အထိ ထိုခပ်တိုးတိုးလေသံနဲ့အပြုံးတစ်ပွင့်နဲ့ကို
ခပ်နှေးနှေးမြင်နေတုန်းဖြစ်သည်။

ခဏအကြာမှ သူမက ထထိုင်သည်။
တပြင်‌ခွေထိုင်ပြီး နံရံကိုငေးနေသည်။ လက်ချောင်းတွေက ပေါင်ပေါ်မှာလှုပ်ခါကစားနေသည်။ သူမက စိတ်လှုပ်ရှားနေပါသည်။

မတ်တပ်ရပ်လိုက်သည်။ဘယ်လောက်မှ မကျယ်တဲ့ဧည့်ခန်းထဲမှာ ဟိုဟိုဒီဒီလမ်းလျှောက်သည်။
နှုတ်ခမ်းတွေကို ကိုက်သည်။နှာခေါင်းတွေ နဖူးတွေကို လက်ချောင်းတွေနဲ့လိုက်ပွတ်နေသည် ။ ထို့နောက်လက်သည်းကိုက်သည်။ ဟိုဒီလျှောက်နေတဲ့ သူမရဲ့ခြေလှမ်းတွေက ရပ်မသွားသလို နှလုံးသွေးတွေလည်း တဒိတ်ဒိတ်စောင့်တိုးနေသည်။

ရေအိမ်နဲ့ခွဲလိုက်ပြီး ရေချိုးခန်း
ကျယ်ကျယ်တစ်ခုထည့်မယ်ဆိုပြီး
ဆုံးဖြတ်လိုက်ကြတုန်းက၊ ကိုယ့်လက် ‌ကိုယ့်ခြေအကုန်စိတ်ကြိုက် လုပ်မယ်ဆိုပြီး လိုအပ်တာတွေ သွားကြည့်တဲ့အချိန်မှာ ပုံမှန်ဘဲဥပုံ ရေချိုးဇလုံအစား အတော်တန်
ကြီးသည့် ဝိုင်းစက်လုနီးပါး တစ်ခုကို နှစ်ဦးသဘောတူရွေးလိုက်တုန်းက ရေတူတူစိမ်ဖို့အတွေးတချို့နဲ့ မျှော်လင့်ချက်တချို့ ထုတ်မပြောလည်းရှိခဲ့ဖူးသည်နဲ့တူပါသည်။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now