29

5.1K 461 16
                                    

29;တစ်ခေါက်ပြန်...

"စားလေ ဖြူ ... မကြိုက်ဘူးလားဟင် ?"

ကိုယ်တိုင်အပင်ပန်းခံကာချက်ပြုတ်ပြင်ဆင်ထားတဲ့စားဖွယ်ရာတွေကို မစားသေးပဲ တူလေးကိုကိုက်ကာ မျက်လုံးလေးတွေ ပေကလပ် ပေကလပ်လုပ်ကာထိုင်နေသော ဖြူကြောင့်စ်ိုးရိမ်တကြီးမေးမိသည် ။

"ဟုတ်ဘူးလေ...နင့်ဟာတွေလည်း ကြည့်ဦး "

"အဲ့တာတွေက နင်အကြိုက်ဆုံးဟာတွေမဟုတ်ဘူးလား "

အင်း.....ဒီတစ်ခါလည်းလွဲပြန်ပြီနဲ့တူတယ်..

"ဂင်ချီထမင်းကြော်...အာလူးကြာဇံသုပ်။သင်္ဘောသီးထောင်း။အုန်းနို့ကျောက်ကျောတဲ့ ငါ့အကြိုက်ဆုံးတွေတော့ ဟုတ်တယ်လေ ဒါပေမဲ့ ဒီဟာတွေအကုန်လုံးကိုတွဲစားဖို့က..."

ဖြူ့အကြိုက်ဆုံးအရာတွေကို တစ်ခုချင်းဆီချရေးကာ ကြိုးကြိုးစားစားလုပ်ထားခဲ့ပေမဲ့ဟင်းလျှာတွေရဲ့လိုက်ဖက်မှုကို ထည့်ပြီးစဥ်းစားဖို့ကို လုံး၀သတိမရခဲ့ ....။

"ဆောရီး......ငါအဲ့တာကိုထည့်မစဥ်းစားမိဘူး နင်မကြိုက်ရင်လည်း..."

သံစဥ်က မျက်နှာကွက်ကနဲ့ပျက်သွားချိန် ဖြူက ခက်ဖ၀ါးနှစ်ဖက်နဲ့မျက်နှာကိုညှပ်၍ ကိုင်ပြီးဟိုရမ်းဒီရမ််းလုပ်လာသည် ။

"ရုပ်ကြီးက ဘာဖြစ်သွားတာလဲ ?
ဘာလို့မကြိုက်ရမှာလဲ ကြိုက်တာပေါ့ ။အခုကိုထမင်းကြော်စားလိုက်မယ် ။ပြီးရင်နေ့လည်ကျ အာလူးကြာဇံသုပ်စားမယ် ကျောက်ကျောနဲ့
သင်္ဘောသီးထောင်းကိုအေးထားလိုက် ဖြည်းဖြည်းခြင်းနိုက်စားလို့ရတယ် "

ပြောပြီးသည်နဲ့ထမင်းကြော်ကို တစ်လုပ်ပြီးတစ်လုပ်စားခပ်စားတဲ့ဖြူ....

"နင်တကယ်ကြိုက်လို့လား ?ငါလုပ်တုန်းကမြည်းတော့ကြည့်ပေမဲ့..."

မျက်လုံးတွေကိုမှိတ်ကာ စားမယ်သွားမယ် အစီစဥ်တွေထဲကလ်ို အရသာခံတဲ့ပုံစံလုပ်ပြပြီး....

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now