48

3.5K 370 29
                                    

48;ကျပျောက်ခြင်း

တီ....ဆိုသည့်အသံအပြီးမှာ ဖုန်းက အဆက်သွယ်ပြတ်သွားခဲ့ပြန်ပါသည်။ မျက်နှာမြင်ခွင့်မရသည့်အပြင် ဖြူ့အသံကိုကြားခွင့်မရ ဆက်သွယ်လို့မရ နဲ့ ဒီသုံးရက်အတွင်း ငရဲဘုံတကယ်ရှိကြောင်း သိလာသည်။ ကြားခဲ့ဖူးသမျှထဲကလိုမီးလျှံကြီးတွေ ရုပ်ဆိုးဆိုးငရဲသားတွေနဲ့ ဆူပွက်နေသည့် ဆီပူအိုးအကြီးကြီးတွေမဟုတ်ပဲ ဖြူ့ရဲ့
ဥပက္ခာတွေဖြစ်သည်။

ဖြူ ဘာလုပ်နေလဲ

ဖြူ နေကောင်းလား

ဖြူ ငါ့ကိုစာပြန်ပါကွာ

ဘာမှစိတ်ဖြောင့်ဖြောင့်လုပ်လို့မရဘူး နင့်ကိုပဲတစ်နေကုန်‌ တွေးနေတာ

ညနေငါဖုန်းထပ်ဆက်ရင်‌တော့
ကိုင်မယ်မဟုတ်လား

ဖြူ ငါတောင်းပန်ပါတယ်

လုပ်ပါဟာ ဒီတစ်ခါပဲ ငါ့ကို
ခွင့်လွှင့်ပေးပါနော် ။

သူမတတ်နိုင်သည့်တစ်ခုတည်းသောအရာက ဒီရက်ပိုင်းအတွင်းပို့ထားတဲ့ ရာပြည့်လုနီးပါးSMSတွေကို အပေါ်ဆွဲလိုက် အောက်ဆွဲလိုက်သက်ပြင်းချလိုက် လုပ်နေဖို့ပဲ ဖြစ်သည်။

ဘယ်လိုပဲမရည်ရွယ်ဘူးပြောပြော
သတိလက်လွှတ်နဲ့ ထိုဆက်ဆံရေးကို ချခွဲလိုက်မိသူက ကိုယ်တိုင်သာ ဖြစ်သည်။ ဂရုတစိုက်ရှိနေသည့် ကြားထဲက ကျပျောက်သွားသည့်
ဆက်ဆံရေးမှာ အဖိုးအတန်ဆုံးဟူသောအရာအားလုံးကို ဆုံးရှုံးလုနီးပါးဆိုသည့်အသိကြောင့် နာကျင်ရသည် ။

ဒီအရာ‌တွေအားလုံးက လွန်ခဲ့တဲ့
၄ရက်က စခဲ့သည်။ ရိုးရိုးပုံမှန် ညနေခင်းတစ်ခုသာဖြစ်ပြီး ဆည်းဆာ ဘာညာဟူ၍ လှလှပပ မရှိခဲ့သလို သိပ်လည်းအကျည်းတန် ရုပ်ဆိုးမနေခဲ့ ။သာမန်ဆန်လွန်းခဲ့တဲ့ ထိုညနေခင်းက အေးဆေးစွာပင်  ဘာနမိတ်ပုံမှမပြခဲ့ပဲ ရှင်သန်ရခြင်းရဲ့ အသက်သွေးကြောကိုမှ ရွေးချယ်သိမ်းယူသွားခဲ့သည် ။ထိုအခိုက်တန့်ကိုမရောက်မှီ အဖိုးမဖြတ်နိုင်သည့် စက္ကန့်တို့က တစ်လွှာခြင်းမှတ်ဉာဏ်ထဲပေါ်လာသည် ။

"ဖြူ ငါနဲ့လိုက်ခဲ့လေ
ဖေနဲ့မေလည်း အိမ်မှာမရှိဘူးကို "

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now