38

4.6K 390 23
                                    

38; ကောက်တေး

ရေချိုးခန်းကြမ်းပြင်ကကြွေပြားတွေကဒီနေ့မှပိုလျှောနေသလို
သတိကြီးကြီးထားပြီးတစ်လှမ်းခြင်း
လျှောက်ကာရေပန်းဆီကိုသွားရသည်။

မျက်နှာကိုမော့မျက်လုံးကိုမှိတ်ပြီးရေပန်းကကျလာမဲ့ရေစက်ပေါက်တွေကိုကြိုဆိုမိတော့ လူက ခုနက
ထက်တော့အနည်းငယ်လန်းဆန်း
လာ‌သယောင် သို့သော် ခန္ဓာကိုယ်
တွေကိုက်ခဲနေသည်ကမလုပ်စဖူး
အားကစားလုပ်ထားတဲ့လူလိုမျိုး။
ခေါင်းလျှော်ရည်ကိုလှမ်းယူဖို့ပင်
လက်ကိုမလှုပ်ချင် ။ ဟာာာ 
အ့တာကြောင့်ပြောတာ ဖြူ့ကို
အိပ်ပဲနေပါ့မယ်ဆိုတာကို ။

ခွာဖို့သတိမရလိုက်သည့် လက်ဖမိုးမှအနာကပ်စတာပလာကရေနဲ့ထိတော့
ကွာကျသွားသည်ကိုမြင်တော့မသိ လိုက်ခင်မှာပဲနှုတ်ခမ်းကပြုံးမိသွားသည် ။ လုပ်နေကျအတိုင်းခေါင်းကို
ခပ်ဆက်ဆက်ရမ်းလိုက်တော့
မူးကနဲ့ ယိုင်ထွက်သွားသည်။

တော်သေးသည်က သူမမတ်တပ်ရပ် နေရာကနေချော်လဲမကျခဲ့ ။ အကယ်၍ ချော်လဲကျခဲ့သည်ရှိသော်
ခေါင်းကအောက်ခံကကြွေပြားနဲ့
ရိုက်မိလျှင်သက်သာမလား ဒါမှမဟုတ် နံရံနဲ့ပဲတိုက်မိမလား။ဦးခေါင်းထဲကထွက်လာမည့်သွေးစက်တွေက နံရံမှာအောက်ကနေ
အပေါ်ကိုစင်သွားသည့်ပုံစံမျိုးနဲ့
ပေကျံသွားမည်ထင်သည်။

အခုချိန်ထိပေါက်က‌ရတွေတွေးနေ
ပုံက သူမအမူးမပြေသေးတာဖြစ်မည်။ ဒါပေမဲ့ရေချိုးခန်း‌တံခါးက
လော့ချထားတာမလား အ့တာဆို
သူမသာလဲကျသွားရင်တော့
သေမည်ထင်သည် အပြင်ကလူတွေ
ကလည်းသိမည်မဟုတ် ဖုန်းလည်း
မပါလာဘူးမလား ။ လူတွေက
ရေချိုးရင်းနဲ့ဖုန်းမသုံးတာမို့
ဖုန်းယူလာလေ့မရှိတာပဲကို နောက်ဆို တကယ်ပဲယူလာခဲ့သင့်တာလား။

*‌ဒုန်း ဒုန်း*

အသံက...အ့တာဖြူ ။ လူတကာလို
တံခါးကိုဒေါက်ဒေါက်လို့မခေါက်ပဲ
လက်သီးဆုပ်နဲ့ထုတတ်သည်။
အင်းခေါက်ရင်လက်ဆစ်လေးတွေ
နာလို့ဖြစ်မည် ။ လက်သီးဆုပ်
တွေနဲ့ထုတာတောင်ပဲ တံခါးနဲ့ထိတဲ့
အချိန်တွေမှာလက်ဖနောင့်နားတွေ
ခဏတာရဲကနဲ့ဖြစ်သွား‌မည်ထင်သည်။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now