40

4.3K 352 24
                                    

40; ညဈေး

နုဖက်နေတဲ့ခြေဖဝါးက ညှပ်ဖိနပ်အနီရောင်လွင်လွင်လေးထဲ နစ်၀င် နေသည်။တီရှပ်အဖြူပွပွက ခန္ဓာကိုယ်ထက် သိသိသာသာကြီးကာ လက်က တတောင်ဆစ်လောက် ထိလျှောကျနေသလို ဒူးအထပ်က်ို
မရောက်တရောက် ဘောင်းဘီတို အညိုရင့်လေးကိုလည်း ဖုံးမိနေသေးပုံက ဖြူ့ကိုတမျိုးလေးချစ်စရာ
ကောင်းစေသည် ။ဆံပင်တိုတိုလုံးလုံးလေးကြောင့်နုဖတ်နေသည့်
Tomboy‌လေးနဲ့တောင်တူသည်။

"ဟဲ့ ဘာလုပ်နေတာလဲ
‌တနေကုန်လည်းဘယ်ပျောက်
သွားမှန်းမသိဘူး အခုလည်း
ရုတ်တရက်ကြီးပြန်ရောက်လာပြီး
ခြေဆုံးခေါင်းဆုံး လာကြည့်နေတယ် ဘာဖြစ်နေတာလဲ နင် "

နှစ်ယောက်သားကမတ်တပ်ရပ်လျက် မျက်နှာချင်းဆိုင်အနေထားနဲ့ ဖြစ်သည်မို့ အရပ်ပုသည့်ဖြူက
ခေါင်းကိုသိပ်မမော့ပဲ သူမကို အမြင်မကြည်သလို မျက်လုံးကိုလှန်ကြည့်
ပြီးပြောနေပုံက တကယ့် လူဆိုးပေါက်စလိုမျိုး မိုက်တိမိုက်ကန်း ‌။

"နင်ကလည်း
ရန်ပဲလိုနေတော့တာပဲ ကြည့် "

"စွပ်စွပ်စွဲစွဲ ငါကပဲ ရန်လို
ရဦးမယ် တစ်ရက်လုံးလည်း
အပြင်ထွက်ထားတာကို
ဆိုင်ကယ်ကအထဲမသွင်းသေးပဲနဲ့
နင်ကထက်သွားချင်နေတာကို
ကိုယ့်ကိုကိုလည်း ပြန်ကြည့်ဦး
မဲတူးနေပြီ "

"မမဲပါဘူး ဘယ်မှာမဲနေလို့လဲ "

ဟုဆိုကာလက်ကိုရှေ့ဆန့်တန်းထုတ် ပြတော့ ဖြူကလည်း လက်ကို တစ်ပုံစံတည်း ဆန့်ထုတ်ကာ သူမ လက်နားမှာယှဉ်ထားလာပါသည် ။

"အဲ့မှာလေ မဲတူးနေတာပဲ "

ရှေ့ထုတ်ထားသည့်လက်ကို
အလျင်အမြန်ပဲ ချက်ချင်းဆိုသလို
ပြန်ရုတ်လိုက်ပြီး ...

"အဲ့တာက နင်ကဖြူနေတာလေ
ငါကမဲနေတာမှ မဟုတ်တာ "

ဘယ်လိုပင်ဆိုဆိုဖြူကတော့ သူမကို အခုထိပင်ဂျိုပေးကာ ခါးထောက်ပြီးကြည့်နေတုန်း ။

"ငါအခုပြန်ထွက်မယ်ဆိုတာ
တစ်ယောက်တည်း ထွက်မလို့မှ
မဟုတ်တာကို"

"အိမ်မှာနေစမ်းပါ "

"ညဈေးသွားရအောင်ပါဆို
နေ့တိုင်းအိမ်မှာပဲကို မပျင်းဘူးလား
နင်နည်းနည်းမှ "

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now