18

5.6K 507 48
                                    

18;ရိုးရှင်းသော~

"အဟင့် "

"ဖြူ ရယ် အထိုးခံရတာက ငါပါ
နင်ကဘာလို့ငိုနေတာလဲ မငိုနဲ့တော့
တိတ် တိတ် "

"အင့် နင်က..အဟင့်...ငါက.....အင့် "

မငိုပါနဲ့တော့ ဆိုကာမှ စကားတွေဗလုံးဗထွေး ပြောကာ ခွေးပေါက်လေးတွေလို တအင့်အင့်နဲ့အီနေပြန်တဲ့ဖြူ ။

"ကဲပါ တော်ပါတော့ သူများတွေမြင်ရင် နင့်ကိုငါက အနိုင်ကျင့်နေတယ် ထင်ဦးမယ်"

တော်သေးသည်က ဘေးနားမှာ
ဘယ်သူမှ ရှိမနေခဲ့ ။

"တကယ်လည်း....ဟင့်....အနိုင်..အင့်
ကျင့်တာပဲလေ "

"ဟောဗျာ ကျွန်တော်မျိုးကြီးက ဟောဒီက မဟေသီ ပုစိကွေးလေးကို ဘယ်တုန်းက ဘယ်လိုအနိုင်ကျင့်မိလိုက်တာလဲ မိန့်တော် မူပါဦး"

"အဲ့မှာလေ "

သွေးစအနည်းငယ်ထွက်နေတဲ့ သံစဥ့်နှုတ်ခမ်းထောင့်နားကို လက်ညိုးထိုးကာပြလေသည် ။

"ဟော .....ပေါက်သွားတာ ငါ့နှုတ်ခမ်းလေ"

"အေးလေ ....အင့်..အဲ့တာကြောင့်
ဟင့်.....နင်နာနေတာလေ"

"အေးလေ"

"နင်နာရင် ငါလည်းနာတယ်"

ဖြူ  ဘက်ကတော့ ဘာသဘောနဲ့ပြောမှန်း မသိပေမဲ့ မိမိမှာတော့ ထိုအခိုက်အတန့်တွင် ခံစားချက်ပေါင်းစုံကခန္ဓာကိုယ်အနှံ့စီး၀င်ကုန်သည် ။

ချစ်ရသူ၏ စကားတစ်ခွန်းက ဆက်ပြောမည့်စကားများကို အစရှာမရစေရုံသာမက တစ်လောကလုံးကိုပင် ခဏျှ မေ့သွားလောက်အောင် စွမ်းဆောင်နိုင်လေသည် ။

ထိုတစ်စက္ကန့်စာမျှသာသော
စကားလေးတစ်ခွန်းအတွက်
ပြန်တွေးတိုင်း အရူးလို
ရန်ခုန်ရဦးမည့် မိမိအဖြစ် ။

"သံစဥ် ခုနတုန်းက ဆောရီးနော်
အရမ်းနာသွားလား?"

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now