A/N

6.4K 423 57
                                    

ဒီလူသားနှစ်ယောက်အကြောင်းကို
အခုချိန်ထိစိတ်၀င်တစား လိုက်ပါ
ဖတ်ရှူပေးကြလို့ကျေးဇူးတင်ပါတယ်။

ဒီဇာတ်သိမ်းက ခင်ဗျားတို့
မျှော်လင့်ထားတာနဲ့လွဲချော်ပြီး
စိတ်ပျက်သွားစေမယ်ဆိုရင်
ကျနော် တကယ်စိတ်မကောင်းဘူး
ဆိုတာ ယုံစေချင်ပါတယ် ။

တိမ်လွှာဖြူထဲက ဇာတ်ကောင်တွေရဲ့ relationshipကို သူငယ်ချင်းတို့
ရည်းစားတို့စသည်ဖြင့် မပါပဲ
ဟိုးအစကတည်းက ချစ်ခြင်းမေတ္တာလို့ပဲမြင်ပေးစေချင် ခဲ့တာပါ ။

GL fictionလို့တောင် ကျနော်က
နာမည်မတပ်ချင်ခဲ့ဖူးတာကိုယုံပါ ။

ဒီဇာတ်ကောင်နှစ်ယောက်ကို ဖူးစာစုံ သွားစေချင်တာကို နားလည်ပေမဲ့
ချစ်သူရည်းစား ဘ၀က သိပ်တော့လည်း ပျော်စရာမကောင်းဘူးဆိုတာ
ခင်ဗျားတို့ရော ကျနော်ရော ရည်းစား ထားဖူးတဲ့လူအကုန်လုံးရော သိကြပါတယ် ။

ချစ်ကြိုက်ညားကွဲ မဟုတ်ပဲ တခြား
ချစ်ခြင်းမေတ္တာတစ်ခုကို ကျနော်က
ချပြခဲ့ရုံပါ ။

Story genreက Romanceပါ။
ဇာတ်ကောင်နှစ်ယောက်လုံးမှာ
နွေးထွေးမှုကိုဖော်ပြဖို့ ပွေ့ဖက်မှုတွေ
ခန္ဓာကိုယ်ခြင်းထိယှက်တို့ထိတာ
စသဖြင့်အများကြီးအတူတူဖြတ်သန်းခဲ့ပါတယ်။ အဲ့တာတွေက ကျနော့်အတွက်ရိုမန့်တစ်ပါ။

လိင်စိတ်ကြွအထိတွေ့ တချို့နဲ့
လိင်ဆက်ဆံခြင်း စတဲ့ခန္ဓာကိုယ်ရဲ့
လိုချင်တပ်မက်မှုတွေကို ချစ်ခြင်းမေတ္တာ လို့ခေါင်းစဉ်တပ်ဖို့ကတော့
ပြဒါးတစ်လမ်း သံတစ်လမ်းပါ။

[ Sexက လူနေမှုဘ၀မှာမလိုဘူးလို့ ‌
ဆိုလိုခြင်းမဟုတ်ပါ ။ဒီဇာတ်ကောင်နှစ်ယောက်က မေတ္တာ ကို တခြားပုံစံနဲ့ ပြခဲ့ရုံပါပဲ ]

အပြစ်တင်ချင်တင်ရင် ကျနော့်ကို
အပြစ်တင်ပါ။ တစ်ဘ၀လုံးစာ
တစ်ယောက်ကိုတစ်ယောက်
အပြည့်၀ချစ်မြတ်နိုးခဲ့တဲ့ ကျနော့်
ဇာတ်ကောင်နှစ်ယောက်ကြားက
ချစ်ခြင်းမေတ္တာကိုတော့ အရုပ်ဆိုးဆိုးစကားလုံးတွေသုံးပြီးတော့
ဖျက်စီးမပစ်ပါနဲ့လို့ အနူးညွှတ် မေတ္တာရပ်ခံပါတယ် ။

Relationship ဘာship ညာship
ဆိုတာတွေထက် ချစ်ခြင်းမေတ္တာ
သီးသန့်ကိုပဲခံစားတတ်ကြပါစေ။

ကျနော့်ကိုအပြစ်တင်ပါ။ဆဲဆိုပါ။
ချစ်ခြင်း‌မေတ္တာကိုတော့ယုံစားပါ။
လက်ခံပါ။ ခံစားပါ။ မျှဝေပါ။
ထပ်ပြီး ကျေးဇူးတင်ပါတယ် ။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now