33

5.5K 473 47
                                    

33;အလှစစ်...

"အဲ့တော့ နင်က ဂျင်းထည့်ခံလိုက်ရတာပေါ့ ဟားဟား"

သံစဥ်က အားရပါးရ ထရယ်တော့
ဖြူ ကစူပုတ်၍ မျက်မှောင်ကုတ်ကာ
ကြည့်လာသည် ။

ချစ်ဖို့ကောင်းလိုက်တဲ့
ကလေးငယ် ပါလေ ....

"သံစဥ် နင်နော် "

"ငယ်ပါသေးတယ် ညီမလေးရာ"

"အမယ် အကြီးကိုများ
ငါနင့်ထက် ၉၃ရက်ကြီးများတောင်
စောမွေးတာနော် ...."

"အဲ့တာဆို ဂျင်းထည့်ခံလိုက်
ရသော မမပေါ့ ဟားဟား "

"ငါလည်းဘယ်သိမှာတုန်း သူတို့ပုံတွေထဲမှာကျ အကုန်လုံက အသေလှနေတာကြီးကို "

"ပြင်ဦးလွင် မရောက်ဖူးတာကျလို့"

"ရောက်တော့ရောက်ဖူးတယ်လေ
သူတို့ရေးထားတဲ့နေရာတွေမှ
မရောက်ဖူးတာ ....နင်ကျ
ရောက်ဖူးတာကျလို့....
ဒါလေးတောင်မသိဘူးလား.."

"အမ်....အဲ.....ဟို ဆိုင်ကယ်နဲ့
ကရော ဘာလို့လာချင်တာတုန်း"

"စကားလမ်းကြောင်းတွေ လာလွှဲမနေနဲ့ ငါဂျင်းမိရင်နင်လည်းဂျင်းမိတာပဲ"

"ဟား....ဟုတ်ပါပြီ အဲ့တာဆို
ဆိုင်ကယ်နဲ့ဘာလို့လာချင်တာလဲ"

"သူက ဆိုင်ကယ်နဲ့သွားတာ
ကောင်းတယ်တဲ့ လမ်းဘေးက
ရှုခင်းတွေလည်းလှတယ်တဲ့...
ပြီးတော့ ကားနဲ့ဆို ဒီရောက်တဲ့ချိန်
မူးတူးတူးကြီးမလန်းဆန်းတော့ဘူး
ဆိုလား ဆိုင်ကယ်နဲ့မှ လန်းဆန်း
တာတဲ့။ လေညှင်းလေးတွေ
ခံရင်းနဲ့တဲ့......ပြီးတော့ နောက်နေ့တွေ လည်ရင်လည်း ကိုယ့်
ဆိုင်ကယ်လေးနဲ့ကိုယ်ဆိုတော့
အဆင်ပြေတယ်တဲ့ ...."

"အေး သူတို့အတွက်
အဆင်ပြေလို့နေမှာပေါ့
ငါတို့နှစ်ယောက်ကျ လမ်းပဲ
ပျောက်နေတာ လာတဲ့နေ့တုန်း
ကလည်း မိုးမိလိုက်သေး "

"အေးပါဆို ပြီးတော့လေ ..."

ဖြူကစကားကိုခဏရပ်လိုက်ပြီး
ဘေးဘီ၀ဲယာကို တစ်ချက်ကြည့်
လိုက်ပြီးမှ သံစဥ့်နားကိုခေါင်းလေး
ကပ်လာသည် ....

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now