02

10.5K 602 8
                                    

2;အဖြူရောင်

သံစဥ် ယနေ့မနက်ခင်းတွင်လည်း
စိတ်တွေကြည်လင်နေသည်။နှုတ်ခမ်းတွေကပြုံးနေသည် ။

အကြောင်းမှူကား သံစဥ်တို့ဘေးကပ်ရပ်က အိမ်ကြီးမှာဆောက်လုပ်ပြီးစီးသွားသောကြောင့်သာ ။

သို့မဟုတ်ပါက မနက်တောင်မလင်းသေး ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှ ဂျွီး ဂျွီး ဆိုသော အသံတွေက ဆူညံစွာနဲ့သူမကိုတစ်ရက်လုံးနောက်ယှက်တော့သည် ။အဲ့ဒီအသံ
တွေကမုန်းဖို့ကောင်းသည် ။စိတ်တွေကိုမူးနောက်စေသည် ‌။ခေါင်းတွေကိုနှောက်ကျိစေသည် ။

သံစဥ်သည် တစ်ဦးတည်းသောသမီးဖြစ်ပြီး အိမ်တွင်သူမအပါအ၀င်မှဖေဖေ မေမေရယ် ဟူ၍ အိမ်သား၃ယောက်သာရှိသည်။

အသက်8နှစ်အရွယ် ကလေးသာသာ သံစဉ်ကငြိမ်ငြိမ်လေးနေရတာကို သဘောကျသူဖြစ်၍ သံစဥ်တို့အိမ်က ဆူဆူညံညံဖြစ်နေလေ့မရှိ ။

အနေအေးတဲ့သံစဉ်က နာအေးပါးအေးဖြစ်နေတာကိုလည်း အရမ်းသဘောကျတတ်ပါသည် ။

လွန်ခဲ့သည့် ၄လလောက်က
သံစဥ်တို့ အိမ်ဘေးမြေကွက်လပ်တွင်ထိုဆောက်လုပ်ရေးစတင်ခဲ့သည်။ ထိုနေ့မှ စ၍သံစဥ်တစ်ယောက်နားငရဲကျခဲ့သည် ။

မနက်ခင်းတိုင်းမှာ မှုန်ကုတ်ကာနိုးထလာပြီး ညတွေမှာလည်း အိပ်ရတာအဆင်ပြေတဲ့ညတွေမနည်းခဲ့တဲ့
ထိုငရဲက ပြီးဆုံးသွားခဲ့ဟန်တူသည်။

တကယ်ဆိုဆောက်လုပ်ရေးပြီးသွားတာ ရက်ပိုင်းလောက်ရှိပြီ ဖြစ်သော်လည်း အခုမှစိတ်ချလက်ချပျော်နိုင်သည် ။မနေ့က ထိုအိမ်အသစ်ဆီကို လူတွေ ပြောင်းလာသည်ကိုတွေ့ခဲ့သည်။ လူတွေနေနေပြီဆိုမှတော့ ဆောက်လုပ်ရေးကြီး
တကယ်ပြီးသွားပြီဆိုတာသေချာသွားပြီလေ ။

သံစဥ် မျက်နှာသစ် ကိုယ်လက်သန့်စင်ကာ အောက်ထပ်ဆင်းခဲ့သည်။

"ဖေ့သမီးချောလေး နိုးလာပြီ"

သံစဥ်ကိုမြင်တော့ ဖေဖေက ပွေ့ကာ
ပါးပြင်ကို ဖွဖွနမ်းသည်။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now