39

4.4K 384 13
                                    

39;တိမ်သားညိုတို့ပုံပြင်

တိတိရိရိညှပ်ထားတဲ့လက်သည်းတွေအောက်က ခပ်ပြည့်ပြည့်
အသားစိုင်တချို့က အနီရောင်သန်းလို့။လက်သည်းနီ လက်သည်းပြာ
စသည်ဖြင့်ဘာအရောင်မှ မကူထားသည့် လက်သည်းကြည်ကြည်က
လက်လို့နေသည် ။

ဖြူဖြူတိုတို နဲ့ ထိုလက်ချောင်းတို့က
သူမမျက်နှာနဲ့အနီးတဝှိုက်မှာဝေ့ဝဲ၍
တစတစပိုမိုနီးကပ်လာမှုကို ခံစား
နေရသည်။ မျက်၀န်းတွေကဖြေဖြေ
လျော့လျော့ဖြင့်ပိတ်ကာအနားယူ
နေသည့်တိုင် သူမကတော့ ထိုမြင်ကွင်းကိုဘာကြောင့် မြင်နေရသလဲ ဆိုတာစဉ်းစားလို့မရ။

ခြုံထဲကပန်းရုံတွေကြား အုတ်ခုံပြာလေးပေါ်မှာဖြူကထိုင်လျက် သူမ
ကတော့ဖြူပေါင်ပေါ်မှာခေါင်းတင်၍
လှဲလျောင်းလျက် နှစ်နှစ်ခြိုက်ခြိုက်အိပ်‌ပျော်နေသည်။စေ့ပိတ်ထားတဲ့နှုတ်ခမ်းတွေကပြုံးယောင် သန်းနေသည် ။ Jame Arthurရဲ့ Say you won't let go က ဘယ်ကမှန်း မသိတိုးညှင်းစွာ သိမ်သိမ်မွေ့မွေ့ ကြားနေရသည် ။

အိပ်ပျော်နေသည့်သူမက ဖြူ့ကိုရော သူမကိုယ်တိုင်ကိုရော အကွာဝေးတစ်ခုကနေငေးကြည့်နေသလို
မြင်ရသည်။ အိပ်မက်မက်နေတာ ဖြစ်ကောင်းဖြစ်နိုင်သည် ။ ဒါမှမဟုတ် ဒါ‌တွေအကုန်လုံးက သူမရဲ့စိတ်ကူးထဲမှာဖြစ်တည်နေသည့်အတွေးသက်သက်လည်းဖြစ်မည်။

ဖြူ့လက်‌ချောင်းထိပ်တို့က သူမမျက်နှာနှင့်ထိခတ်သွားချိန်မှာလည်း
ထိုခံစားမှုကိုသူမ သေချာလိုက်မှီ
လိုက်သေးသည်။သက်သက်တခြား တနေရာမှာရပ်နေသလိုမြင်နေရတာ တောင်မှပဲ ဖြူ‌ထိတွေ့လိုက်သည်က သေချာပေါက် သူမကိုပဲဖြစ်သည်။

ဖြူ့မျက်နှာပေါ်မှာ ခံစားချက်တွေ
အရောင်အမျိုးမျိူးနဲ့ဖြတ်ပြေးနေတာ မြင်ရသည့်တိုင်သူမ ဘယ်လိုမှ
မခွဲခြားတတ် ။

လက်ညိုးထိပ်တို့က သူမရဲ့ပါးပေါ်မှာဟိုဟိုဒီဒီ တို့ထိနေသည်။ထို့နောက် နှာတံပေါ်မှာ ယှက်ပြေးသည်။သူမပြုံးလိုက်မိတယ် ထင်ရသည်။ဖိပိတ်ထားသည့်မျက်ခွံ
တွေပေါ်က မျက်တောင်မွှေးတွေကို
မခံစားမိလောက်တဲ့အထိ တကယ်
ဖွဖွလေးထိသည်။ပါးပါးလေးသာရှိသည့်မျက်ခုံးမွှေးကိုလက်သန်းထိပ်နဲ့
လားရာအတိုင်းညင်ညင်သာသာ
ပွတ်ဆွဲနေသည် ။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now