11

5.6K 489 14
                                    

11;အပြစ်စိတ်

"သံစဥ် ဒေါက် (ဆိုင်ကယ်ထောက်)
ကျနေတယ်တဲ့ "

နားထင်နားကိုကပ်ကာ တိုးတိုးပြောသော ဖြူ့ စကားကို သံစဥ် ခွန်းတုံ့မပြန်ပဲ ဆိုင်ကယ်လီဗာကို ပို၍တင်ကာ အရှိန်နှုန်းကိုသာ မြင့်လိုက်သည် ။

"ခေးလေး ဒေါက်ကျနေတယ် အဟေး"

တောက် !

"သံစဥ် ဒေါက် ကျနေတယ်တဲ့"

သံစဥ့်ဆိုင်ကယ်က အော်တိုဘီးဖြစ်တာကြောင့် ဆိုင်ကယ်ထောက်ကို ချထားလျှင်စက်နှိုးလို့မရသော အမျိုးစားဖြစ်သည် ။

"မဟုတ်ဘူးဖြူ သူတို့သက်သက်လာကြောင်နေတာ"

တိုးတိုးပြန်ပြောမိတော့ ခါးကိုဖက်ထားသော ဖြူ့လက်တို့က ပိုမိုတင်းကျပ်လာသလို
မျက်နှာကိုလည်းနောက်ကျောမှာ
အတင်းကျပ် ကပ်ထားသည်ကို အထိအတွေ့မှတစ်ဆင့်ခံစားသိရှိရသည် ။

ဒေါက်ကျနေသည်ဟု အော်ကာ
သံစဥ်တို့ဆိုင်ကယ်ဘေးကနေ
ထပ်ချပ်မကွာလိုက်နေသော ဆိုငါကယ်ပေါ်မှ သကောင့်သားသုံးကောင်က်ို စိတ်ထဲကနေအကြိမ်ကြိမ် ကျိန်ဆဲမိသည် ။

ညနေပိုင်း ကျောင်းဆင်း ရုံးဆင်းချိန်ဖြစ်၍ မန္တလေးမြို့လမ်းတွေက ဆိုင်ကယ်တွေ ကားတွေနဲ့ရှုပ်ရှက်ခက်လွန်းလှတာကြောင့် မိုင်ကုန်မောင်းဖို့ကျတော့လည်း အဆင်မပြေပြန်။

ကွေ့၍ ပတ်၍မောင်းကာ မျက်ချေပျက်ချန်ခဲ့ရန်ကြိုးစားသော်လည်း မလွယ်လှ ။

ကျုံးရှေ့ကတည်းကနေ မိန်းထဲရောက်တဲ့ထိ ဆက်လိုက်နေတုန်းပဲဆိုတာ တော်ရုံမျက်နှာရူးပုံမျိုးနဲ့ မရ ။

မြင်ကွင်းထဲကိုရောက်လာသည်က မီးပ္ပိုင့် ။ မကြာခင် မီး၀ါ ပြောင်းတော့မည့် လက္ခဏာ အဖြစ် စိမ်းနေသောမီးက မိတ်တုတ် မိတ်တုတ်
ဖြစ်နေသည် ။

သံစဥ်ဆိုင်ကယ်တစ်စီးစာကိုပွတ်ကာသီကာလေးလွတ်သော ကားအကြီးကြီးဘေးက
လျှင်မြန်စွာတိုးထွက်လိုက်ပြီးနောက်
၀ါနေပြီဖြစ်သော မီးပ္ပိုင့်ကိုအလောတကြီး ဖြတ်ကျော်လိုက်သည် ။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now