15

6.1K 490 49
                                    

15;ထိုကဲ့သို့ဖြစ်တည်မှု


မျက်လုံးနှစ်လုံးတောင်ကောင်းကောင်းမပွင့်သေး ထုံးစံအတိုင်း ကုတင်ဘေးမှာ တင်ထားတဲ့ဖုန်းကို ဟိုစမ်းဒီစမ်းလုပ်ကာ လှမ်းယူလိုက်သည် ။

ဘာမှကြည့်စရာမရှိလည်း နိုးနိုးချင်းဖုန်းလေးတော့ နည်းနည်းပွတ်လိုက်ရမှ နေသာထိုင်သာရှိကြတဲ့ နှစ်ဆယ့်တစ်ရာစုမဟုတ်လား....။

ဖုန်းဖွင့်ဖွင့်ချင်းSMSတွေက တန်းစီ
ပေါ်နေသည် ။ထူးဆန်းသည်က ခါတိုင်းလိုmptဆီကချည်းမဟုတ်ဘဲ ဖြူ့ဆီကပါ ရောက်နေသည်။

"James Arthur ရဲ့
'Say You Wont Let Go'
အဲ့ဟာလေး တီးပြပါလား နော် !!!!
please!!!!!!မနက်ကနိုးနိုးချင်းသတိရလို့ နင်မနိုးသေးမှာစိုးတာနဲ့
စာပဲပို့ထားလိုက်တာ ဟီး "

သေပါတော့ ဟုပဲခပ်တိုးတိုးညည်းရင်း ကိုယ့်နဖူးကိုသာပြန်ရိုက်မိသည် ။

ဖြူတစ်ယောက် သံစဥ် ယူကူလေလီ
တီးတတ်သည်ကိုသိကတည်းက တစ်ပုဒ်ပြီး တစ်ပုဒ်ကို တီးပြီးဆိုခိုင်းနေတာ...

ဖုန်းဆက်ကာ တစ်မျိုး အိမ်သို့လူကိုယ်တိုင်လာရောက်၍ တစ်ဖုံ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် သယ်လာတတ်ကာ မတီးပြလျှင်လည်း မျက်နှာငယ်လေးနဲ့ငိုမဲ့မဲ့လုပ်တတ်တာမို့ မငြင်းရက် ။အဲ့လိုကို သံစဥ့်ကို အနိုင်ကျင့်တတ်သော ကလေးရယ်ပါ....။

ဒီလိုပြောလို့ဆိုပြီး သံစဥ့်အနေနဲ့ကလည်း မတီးပြ မဆိုပြချင်လို့တော့လည်း မဟုတ်ပါ..။

နဂိုကတည်းက အပျော်သဘောပဲသင်ခဲ့တာမို့ သီချင်းကိုနားထောင်ရုံနဲ့Chordတွေ မထုတ်တာက တစ်ကြောင်း....။

Chordရှာသည့်အခါတွင်လည်းgoogleတွင်
အမျိုးမျိုးတင်ထားကြသည့် တီးခတ်နည်းတွေထဲကိုယ်နဲ့အဆင်ပြေသည့်ဟာမျိုးကို မူးနောက်နေအောင် လိုက်ရှာရသည်...။

ပြီးတော့ ဖြူ နားထောင်သည့်သီချင်းတွေက တကယ့်ကို အေးအေးလေးတွေ Finger styleနဲ့ တီးရသည့်ဟာတွေ များသည့်မို့
သံစဥ့်လိုbeginnerသာသာ လူတစ်ယောက်အတွက်က မလွယ်လှပါ..။

ထိုကိစ္စတွေကို ကျော်လွှားသွားနိုင်ပြီပဲထား..။ တကယ်ခက်ခဲသည့်အပိုင်းက ကျန်သေးသည်..။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now