46

3.4K 355 17
                                    

46;ပုစ္ဆာ

မျက်နှာကျက်ကိုရှင်းရှင်းလင်းလင်း မြင်လာရသည်အထိ စိတ်ထဲမှာ ဦးနှောက်ထဲမှာဘာအတွေးမှမရှိပဲ အလုံးစုံပကတိရှင်းလင်းနေသည် ။

လက်နှစ်ဖက် လှုပ်ရှားမရ‌တာကိုသတိထားမိချိန် ဖြစ်ပျက်ခဲ့ခြင်းတွေနဲ့တစ်စတစ်စပြန်၍အချိတ်ဆက်မိလာသည် ။

ဘယ်အချိန်ရှိပြီလဲ ။သူမ အသိရှိမနေတာဘယ်လောက်တောင်ကြာသွားပြီလဲ။ စိတ်အစဥ်ကခန္ဓာကိုယ်နဲ့
ပြန်ကပ်ချိန် ပထမဆုံး သတိရ စိတ်ပူမိသည်က ဖြူ့ကိုပင်။ဒီနေ့ခရီးထွက်မည်ဖြစ်သည့်ဖေဖေနဲ့မေမေ တို့ သွားလိုက်လျှင် အိမ်မှာဖြူ တစ်ယောက်တည်းကျန်ခဲ့မည်။ အခု ဘယ်အချိန်ဖြစ်နေပြီလဲဆိုတာ သူမ သိဖို့လိုသည် ။

မန္တလေးမြို့ထဲမှာ လုယက်မှုတွေ
အရိုက်ခံရတာတွေ ခဏခဏကြားနေ မြင်နေရသော်လည်း သူမဆီမှာ ဒီလိုလာဖြစ်လိမ့်မည်ဟု တစ်ခါမှပင် ယောင်လို့မတွေးဖူးခဲ့ ။

"ခွေးမသား လင်းမြတ် ! "

ထိုင်လျက်သားအခြေနေနဲ့ လက်ပြန်ကြိုးတုပ်ခံထားရမယ်ဆိုရင် ထိုလူဘယ်လောက်တော်တယ်ဆိုတာ အရေးမကြီးတော့ ။ လုပ်နိုင်စွမ်းတွေက အသုံးမ၀င်တော့ ။ဒီအခြေနေကနေ တခြားလူအကူညီမပါပဲလွတ်နိုင်ဖို့ဆိုတာဖြစ်နိုင်ချေက
မိုင်းနပ်‌ပင်ပြနေပေလိမ့်မည်။ တစ်ခုတည်းသောသူမ လုပ်နိုင်သည့်အရာက တရားခံကိုကျိန်ဆဲခြင်းသာ။

ဟိုးအစ‌ကနေဆက်စပ်၍ ပြန်တွေးတောကြည့်လျှင် လင်းမြတ် နဲ့ သူမကဘယ်လိုမှ ပတ်သက်မှုမရှိ ။
ဘာလို့ဒီလိုလုပ်ရတာလဲ ။သဇင် ။
သဇင်နဲ့ကိစ္စကိုလင်းမြတ်သိစရာ အကြောင်းမရှိ။ သိခဲ့လျှင်တောင် သူမ ဘက်ကဘာမှမှမလုပ်ခဲ့ပဲနဲ့ ။
ပြီးတော့အဲ့ကိစ္စနဲ့အခုလိုထိလုပ်ရအောင် ကြီးကြီးကျယ်ကျယ်မှ မဟုတ်ပဲ ။

"သောက်ရူးကောင် "

တကယ်ဆိုရင် သူမကသာ ဘာမှမသိပဲ အန္တရယ်တွင်းထဲဆင်း၀င်ခဲ့တာ။ ဒီအိမ်ထဲကို၀င်လာတုန်းက လင်းမြတ်ရဲ့နေပုံထိုင်ပုံနဲ့ယှဉ်ကြည့်ရင် တဆိတ်မှောင်လွန်းတယ်ဟု ထင်ပေမဲ့ အခုလိုချုပ်ခံထားရလိမ့်မယ်လို့တော့မတွေဖူး။တွေးရင်းနဲ့ပင်
သူမ မမေ့သွားခင် အရိုက်ခံလိုက်ရသည့် ဦးခေါင်းအနောက်ဘက်က
တဆစ်ဆစ်နဲ့နာလာပြန်သည် ။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now