27

5.5K 463 30
                                    

27;နားလည်ခြင်း

လှလိုက်တာ....။မနက်အိပ်ယာနိုးချိန် မျက်လုံးနှစ်ဖက်ဖွင့်ဖွင့်ချင်းသူမကိုမြင်ရချိန် ရင်ဘတ်တစ်ခုလုံးလှိုက်ခနဲ့ နွေးထွေးသွားသည် ။

မျက်နှာချင်းဆိုင်ဖြစ်နေသော ချစ်ရသူမျက်နှာ၏ အစိတ်ပိုင်းတစ်ခုချင်းဆီကို မြတ်မြတ်နိုးနိုးလိုက်ကြည့်မိသလို နှာဖျားမှာဟိုဟိုဒီဒီ ဖြတ်ပြေးနေသော သူမ၏ကိုယ်သင်းနံ့တို့ကိုလည်း သိမ်းကျူံးရှုရှိုက်ပစ်လိုက်သည် ။

သံစဥ်က နိုးနေပေမဲ့အိပ်ရာမထသေးဘဲမျက်နှာချင်းဆိုင်ပြီး အိပ်နေသည့်
ကောင်မလေးကိုငေးရင်း အတန်ကြာပြုံးနေခဲ့လေသည် ။စိတ်ထဲကတော့ ကံကောင်းလိုက်တာဟူ၍ တွေးနေလေရဲ့ ။

ချစ်ရသူကို စက္ကန့်မလပ်တွေ့ချင် မြင်ချင်ကြသည်မှာ ချစ်မိသူတိုင်းရဲ့ခံစားချက်ဖြစ်ပြီးတကယ်တမ်းဘေးနားမှာအမြဲရှိခွင့်ရသူက လက်ချိုးရေလို့ရသည်မဟုတ်လား ။

တချို့အချစ်များသည် လမ်းခွဲခြင်းဖြင့် အဆုံးသတ်သည် ။တချို့အချစ်များက ရိုးအီခြင်းဖြင့်။ တစ်ချို့အချစ်များမူကား မစခင်ကပင် ကိုယ်တိုင်ချိုးနှိမ်လိုက်ရသည် ။

မြင်နေခွင့် စောင့်ရှောက်ခွင့်တို့ အခုထိရထားတဲ့ သူမက တော်တော်ကံကောင်းတယ်လို့ပြောလို့ရတယ်မဟုတ်လား ။

နင်ပြောသလိုပဲ ငါလည်းနင်နဲ့ဘယ်တော့မှ ရေစက်မကုန်ချင်ဘူး ။

ကံကောင်းခြင်းတွေကို ဠီကာဖွင့်နေတုန်းပင်ဖြူက မျက်ခွံတွေလှုပ်လာကာ နိုးလာမည့်ဟန်ပေါ်သည်မို့ သံစဥ်မျက်၀န်းတွေကို ပြန်မှိတ်ချပစ်လ်ိုက်သည် ။

ခဏအကြာတော့ ခုနနိုးလာတုန်းက
ဖယ်လိုက်သည့်စောင်က သံစဥ်ကိုယ်ပေါ်ကို ပြန်ရောက်လာသည် ။ ဖြူ က သူမ မသိလိုက်ပဲ စောင်ကိုကန်ထားသည်ထင်၍ ပြန်ခြုံပေးတာဖြစ်မည် ။

ထိုကိစ္စသည် ဖြူ နဲ့တူတူအိပ်သည့်နေ့မှစ၍ နေ့တိုင်းလိုလိုဖြစ်နေသော်လည်း သူမကတော့ပြုံးမိဆဲ ။

တိမ်လွှာဖြူ တိမ္လႊာျဖဴWhere stories live. Discover now